1. Home
  2. Myanmar News

မြန်မာနိုင်ငံတွင် ဆန်အခြောက်ခံ ကုမ္ပဏီထောင်ပြီး ဒေါ်လာ ၁သန်း စွန့်ဦးတီထွင်ဆုရရှိ

Myanmar News ม.ค. 10, 2562 view 1,720

ဆန်အခြောက်ခံလုပ်ငန်း ကုမ္ပဏီထောင်တဲ့ ကျောင်းသားတစ်စုဟာ လူငယ်စွန့်ဦးတီထွင်မှုဆု Hult Prize ဒေါ်လာ၁သန်းတန်ဆုရရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါဆု ကို အမေရိကန်သမ္မတဟောင်း Bill Clinton ကချီးမြှင့်ခဲ့ပါတယ်။

ဖိလစ်ပိုင် လာအို ချက် ဗီယက်နမ် ၄နိုင်ငံမှ ကျောင်းသားတစုဟာ ပဲခူးတိုင်း လက်ပံတန်းမှာ စွန့်ဦးတီထွင်လုပ်ငန်းကိုစတင်ခဲ့တာဖြစ်ပါတယ်။ လယ်သမားတွေ မိုးစိုစပါး အောက်ဈေး နဲ့ထိုးရောင်းနေရတာတွေကို ကူညီဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ တယ်လို့လည်း သိရပါတယ်။


မြန်မာနိုင်ငံမှ ဆန်တွေဟာ နေလှန်းဆန်းတွေ ဖြစ်တာကြောင့် ရေငွေ့ ပါဝင်မှုကြောင့် ဈေးကွက်မှာ ဈေးကောင်းမရရှိတာပါ။ အဲ့ဒီ ပြသာနာကို ဖြေရှင်းနိုင်ခဲ့တာကြောင့် ဒီအဖွဲ့ ဟာ Hult Prize ဆိုကိုရရှိခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ၆၀ % သောလူဦးရေဟာ စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတာပါ။ ဒါကြောင့် အလုပ်အကိုင်လည်း ရစေ ၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဂျီဒီပီ ၃၈ % အထောက်အကူ ဖြစ်စေတယ်လို သိရပါတယ်။၂၀၁၇ မှ ၂၀၁၈ ခုနှစ်အတွင်း ဆန်တန်ချိန်ပေါင်း ၃.၃ သန်းခန်း ပြည်ပသို့တင်ပို့နိုင်ခဲ့တယ်လို့ လည်းသိရပါတယ်။ မြန်မာနိုင်ငံဟာ ဟာ လည်း မြေသြဇာမြေဆီလွှာများနှင့်ရေသယံဇာတကြွယ် ကြွယ်ဝတဲ့နိုင်ငံဖြစ်တယ်လို့လည်းဆိုပါတယ်။


ဒီဆုကို ကမ္ဘာတဝှမ်းကျောင်းသား ၁၀၀၀၀ ကျော် ဝင်ပြိုင်ခဲ့တာဖြစ်ပြီး ဆိုလာနေစွမ်းအင်သုံး လုပ်ငန်း နဲ့ နောက်ဆုံးယှဉ်ပြိုင်ပြီးမှ ဆင်းရဲသားတွေအတွက်ပိုအကျိုးပြုနိုင်တဲ့ ဆန်အခြောက်ခံ လုပ်ငန်းကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ သူများနိုင်ငံက ကျောင်းသားတွေက ကြိုးစားနေချိန် မြန်မာ တစ်ယောက်မှ မြန်မာ့လယ်သမားတွေကိုကူညီဖို့ ဆောင်ရွတ်ရင်း အဆိုပါဆုကို ရရှိခဲ့တာကြောင် ဂုဏ်ယူမိပါတယ်။



Follow us on