1. Home
  2. Football

ဘောလုံးသုံးသပ်သူ အဖြစ်မြင်တွေ့ ရတော့မည့် မော်ရင်ဟို

Football ม.ค. 11, 2562 view 1,645

မန်ယူနိုက်တတ်အသင်း နည်းပြဟောင်း မောရင်ဟို ဟာ လက်ရှိမှာ အသင်းမဲ့ဖြစ်နေပြီး အားကစား သတင်းဌာနတစ်ခုဖြစ်တ BeIN Sports သတင်းဌာန မှာ ဘောလုံးသုံးသပ်သူအဖြစ်လုပ်ကိုင် ဖို့သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။

မော်ရင်ဟို ဘင်ဖီကာအသင်း နည်းပြအဖြစ် ကမ်းလှမ်းမှုကို လက်ခံရရှိသော်လည်း ငြင်းပယ်ခဲ့ပြီး ဘောလုံးသုံးသပ်သူ အဖြစ် လုပ်ကိုင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ “ ကျွန်တော် သတင်းအသစ်တွေ မပေးချင်တော့ပါလူး ။ ဘင်ဖီကာ အသင်း၏ ကမ်းလှမ်းမှုကိုလည်းလေးစားပါတယ်။ သိုသော် ပေါ်တူဂီမှာ နည်းပြလုပ်ဖို့တော့ ဆန္ဒမရှိသေးပါဘူး ” လို့ ပေါ်တူဂီ သတင်းသတင်းဌာန ကိုပြောကြားခဲ့ပါတယ်။

BeIN SPORTS သတင်းဌာနမှာ သုံးသပ် သူအဖြစ် လုပ်ကိုင်ဖို့ သဘောတူညီခဲ့ပြီလို့ သိရတာကြောင့် ၎င်းကို ပရီးမီးယားလိဂ် ဘောလုံးအစီအစဉ်တွေ အပါအဝင် လက်ရှိ ကျင်းပနေတဲ့ အာရှဖလား ပွဲတွေမှာလည်း သုံးသပ်သူအဖြစ် မကြာခင် မြင်တွေ့ရတော့မှာ ပါ။

ဒါကြောင့် လာမယ့် အာရှဖလား အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကာတာနဲ့ ဆော်ဒီအသင်းတို့ ပွဲနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဖြစ်တဲ့ ချဲလ်ဆီး နဲ့ အာဆင်နယ်တို့ ပွဲတွေကို မော်ရင်ဟို စတင် သုံးသပ်သွားတော့မှာ ဖြစ်ပါတယ်။



Follow us on