1. Home
  2. Movie Stars - Celebrity

ကလေးတွေကိုမြင်ရင် ဘရက်ပစ်ကိုသတိရစေတယ်လို့ပြောလိုက်တဲ့ ဂျိုလီ

Movie Stars - Celebrity ม.ค. 11, 2562 view 1,574

ဂျိုလီနဲ့ ပစ်ဆိုရင်တစ်ချိန်က အများသူငါ အားကျရတဲ့ ဟောလိဝုဒ်က နေနဲ့လ ရွှေနဲ့မြစုံတွဲပဲ မဟုတ်ပါလား။ သူတို့ စုံတွဲကွာရှင်းဖို့ ၂၀၁၆ စက်တင်ဘာလမှာ ဂျိုလီဘက်က စတင်ပြီး တရားရုံးကိုအဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။


လက်ရှိမှာတော့ လင်မယားနှစ်ယောက် ခွဲနေကြတာအချိန်အတော်ကြာလင့်ခဲ့ပြီဖြစ်ပြီး ကလေးတွေကိုလဲခွဲယူခဲ့ကြပါတယ်။ ဂျိုလီက အငယ်လေးယောက်ကို ရရှိခဲ့တာဖြစ်ပြီး ပစ်က အကြီးနှစ်ယောက်ကိုရရှိခဲ့တာဖြစ်ပါတယ်။


တလောကလဲ ပစ်က ဂျိုလီတစ်ယောက်အလုပ်တွေပဲဖိလုပ်နေပြီး ကလေးတွေကို ဘော်ဒီဂတ်တွေနဲ့ ထားခဲ့လို့ မကျေနပ်တဲ့အကြောင်းထုတ်ဖော်ပြောခဲ့ပါတယ်။ ပရဟိတ အလုပ်တွေလုပ်ကိုင်ရင်း အများအကျိုးဆောင်ရွက်နေတဲ့ ဂျိုလီဟာ သူ့ကလေးတွေကို စောင့်ရှောက်ဖို့ အချိန်မရှိတဲ့အတွက် ကလေးတွေကျောင်းသွား၊ အပြင်သွားဖို့အတွက် အဖော်လိုက်ပေးဖို့ ဘော်ဒီဂတ်ဦးလေးကြီးကိုခန့်အပ်ထားခဲ့ပါတယ်။ ဒါကို ပစ်အနေနဲ့ သူ့ကလေးတွေကိုလူစိမ်းတွေနဲ့ အနေနီးတာမကြိုက်ဘူးဆိုပြီး ဂျိုလီကိုရှုံချခဲ့ပါတယ်။


အသက် (၄၃) နှစ်ရှိပြီဖြစ်တဲ့ ဂျိုလီဟာ ထိုသို့သတိပေးခံရပြီး ကလေးတွေကို ကိုယ်နဲ့မကွာပြန်လည်စောင့်ရှောက်နေပြီဖြစ်ပါတယ်။ ဂျိုလီက သူမအလုပ်ကပြန်လာတိုင်း ကလေးတွေရဲ့ နွေးထွေးစွာကြိုဆိုတတ်ပုံတို့ကို ကြည့်ပြီး ခင်ပွန်းဟောင်း ဘရက်ပစ်ကိုသတိရမိတယ်လို့ ပြောကြားလာပါတယ်။


တစ်နေ့တစ်ခြား အရွယ်ရောက်လာပြီဖြစ်တဲ့ ကလေးတွေကိုကြည့်ပြီး သူတို့အဖေ ဘရက်ပစ်ကို သတိရမိတယ်၊ သူတို့ရဲ့အပြုအမူလေးတွေက သူတို့အဖေ ‘ပစ်’ နဲ့ တော်တော်တူလာတယ်လို့ Enews ကိုပြောလာခဲ့ပါတယ်။ ဂျိုလီတစ်ယောက် ‘ပစ်’ နဲ့အတူ ချစ်ကြိုးသွယ်ခဲ့တဲ့အချိန်တွေကိုတောင်သတိရသွားတယ်လို့ ဆိုထားပါတယ်။




Follow us on