1. Home
  2. Movie Stars - Celebrity

ဆံပင်အဝါရောင်၊ အင်္ကျီအဝါရောင်နဲ့ အရမ်းလန်းနေတဲ့ Nicki Minaj ရဲ့ဖက်ရှင်

Movie Stars - Celebrity ม.ค. 11, 2562 view 1,756

Rap Female God လို့တင်စားခေါ်ဝေါ်ကြတဲ့ Nicki Minaj ဟာသူ့ရဲ့ ပရိတ်သတ်တွေကိုသူမတူတဲ့ ဖက်ရှင်တွေကို အမြဲထုတ်ပြလေ့ရှိသူတစ်ဦးပါ။ သူမရဲ့ သူမတူတဲ့ ခန္ဓာကိုယ်အလှကြောင့် ဆန်းသစ်တီထွင်တဲ့ ဒီဇိုင်းတွေနဲ့ လိုက်ဖက်ညီနေတာပါလို့ သူမကပြောဖူးပါတယ်။


Nicki ဟာဆိုရင် သီချင်းတွေမှာသာ ဘုရင်မတစ်ယောက်ဖြစ်ရုံသာမက ဖက်ရှင်မှာလဲ ဆရာကြီးပါပဲ။ လက်ရှိမှာတော့ သူမဟာ လူသတ်မှုပြစ်မှုကျူးလွန်ဖူးတဲ့ လူတစ်ယောက်နဲ့ တွဲခုတ်နေတာဖြစ်ပါတယ်။



Nicki ဟာပြီးခဲ့တဲ့ ဒီဇင်ဘာလက ချစ်သူ Kenneth Petty ကို ပရိတ်သတ်ကိုအသိပေးခဲ့ပြီး သူမပရိတ်သတ်တွေက ရာဇဝတ်သားနဲ့ ပတ်သတ်လို့ Nicki ကိုစိုးရိမ်ပူပန်ခဲ့ကြပါတယ်။


သူ့ကိုယ်သူ Barbie လို့တင်စားခေါ်ဝေါ်လေ့ရှိတဲ့ Nicki ဟာ လက်တလောမှာ သူမရဲ့ ဆံပင်အဝါရောင်နဲ့ အဝါရောင်အင်္ကျီ တစ်ကိုယ်လုံးအဝါရောင်ဖက်ရှင်ကို instagram မှာပုံတင်ပြီးပြသလိုက်ပါတယ်။


အားလုံးပဲ Nicki ရဲ့ဖက်ရှင်တွေက လန်းပါရဲ့လား။ လန်းတယ်ဆိုရင် like&share လုပ်ဖို့လဲ မမေ့နဲ့ဦးနော်။

 



Follow us on