1. Home
  2. Special or Others

သစ္စာမရှိတဲ့ခင်ပွန်းနဲ့ အငယ်နှောင်းကို ကိုယ်တိုင်တရားစီရင်ခဲ့တဲ့ ဇနီး

Special or Others ม.ค. 14, 2562 view 1,506
ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးဟာ အိမ်ထောင်ရေးဖောက်ပြန်နေသော ခင်ပွန်းဖြစ်သူ၏ နောက်သို့ တိတ်တဆိတ်နောက်ယောင်ခံလိုက်ကာ ခင်ပွန်းနဲ့ ဖောက်ပြန်နေတဲ့ အမျိုးသမီး တို့ နှစ်ယောက်စလုံးအား သေနတ်နဲ့ ပစ်သတ်ခဲ့မှု ဖြစ်ပွားခဲ့သည်။
 
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တန်ဘွန်ချွန်ဖြူ စီရင်စုရှိ အဝတ်အစားအရောင်းဆိုင်တွင် ဇနီးဖြစ်သူက နောက်ယောင်ခံလိုက်ကာ သေနတ်ဖြင့် နှစ်ချက်ဆင့်ပစ်ခတ်ခဲ့သဖြင့် ခင်ပွန်းနဲ့ဖောက်ပြန်သူ အမျိုးသမီး သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူမှာ သေနတ်ဒဏ်ရာကြောင့် စိုးရိမ်ရလောက်သည့် အခြေအနေရှိကြောင်း မောင်လန်ပန်း ရဲဌါနမှ ပြောကြားခဲ့သည်။
 
နှစ်ဦးစလုံးကို သေနတ်နဲ့ ပစ်ခဲ့သော အသက် ၅၅ နှစ်အရွယ်အမျိုးသမီးမှာ အခင်းဖြစ်ပွားရာနေရာနဲ့ မီတာ ၁၀၀ အကွာအဝေးရှိသည့်နေရာတွင် ဘီယာထိုင်သောက်ရင်း ရဲများအလာကို စောင့်နေခဲ့ပြီး အဖမ်းခံခဲ့ကြောင်း ရဲအရာရှိက ပြောကြားခဲ့သည်။
 
 
သေနတ်နဲ့ ပစ်ခံရသူ အမျိုးသမီးမှာ အသက် ၄၂ နှစ်အရွယ်ရှိပြီး လည်ပင်းကိုပစ်ခံထားရတဲ့ ဒဏ်ရာနဲ့ လန်ပန်းဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။ ခင်းပွန်းဖြစ်သူ အသက် ၅၂ နှစ်အရွယ်အမျိုးသားမှာ ခန္ဓာကိုယ်ကို သေနတ်ထိမှန်ခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေနဲ့ ဆေးကုသခံနေရကြောင်း သိရှိရသည်။
 
ခင်ပွန်းဖြစ်သူ ခြေလှမ်းပျက်ပြီး နောက်ကွယ်တွင် ဖောက်ပြန်နေသည်ကို ရိပ်မိသော်လည်း တစ်ကြိမ်မှ လက်ပူးလက်ကြပ်မိခဲ့ခြင်းမရှိသဖြင့် အင်္ဂါနေ့တွင် ဇနီးဖြစ်သူက ခင်ပွန်းနောက်သို့ ဆိုင်ကယ်စီးကာ နောက်ယောင်ခံလိုက်ခဲ့ရာမှ အဝတ်အစားရောင်းသည့် ဆိုင်ထဲသို့ ဝင်သွားတာကို တွေ့ခဲ့ခြင်းဖြစ်ကြောင်း တရားခံဖြစ်သူ အမျိုးသမီးက ထွက်ဆိုခဲ့သည်။


Follow us on