1. Home
  2. Football

နောက်ဆုံးရအပြောင်းအရွှေ့သတင်းတိုများ

Football ม.ค. 14, 2562 view 1,467

ဘုန်းမောက်အသင်းဟာ ချယ်ဆီး၊ ၀က်ဟမ်း၊ ၀ုဗ်အသင်းတို့အလိုရှိနေတဲ့ တိုက်စစ်မှူး ကော်လန်ဝီဆင်အတွက် ပေါင်(၇၅)သန်းအလိုရှိနေပါတယ်။

ချယ်ဆီးအသင်းဟာ ဘုန်းမောက်အသင်းကိုရောက်ရှိနေတဲ့ နောက်ခံကစားသမားဟောင်း အကီကိုပြန်လည်ခေါ်ယူလိုနေပြီး ရောင်းချစဉ်က ထည့်သွင်းချုပ်ဆိုခဲ့တဲ့ ပြန်လည်ခေါ်ယူခွင့်ကို အသုံးချဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ အရန်တိုက်စစ်ကစားသမားနေရာအတွက် ချယ်ဆီးတိုက်စစ်မှူး မိုရာတာနဲ့ စပါးတိုက်စစ်မှူး လော်ရန်တေးတို့ကို ပစ်မှတ်ထားနေပါတယ်။

မန်စီးတီးအသင်းဟာ ၀ုဗ်ကွင်းလယ်ကြယ်ပွင့် နက်ဗက်ကိုခေါ်ယူလိုပေမယ့် သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)ကိုတော့ ပေးချေဖို့ဆန္ဒမရှိကြောင်းသိရပါတယ်။

ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ၀က်ဖို့စ်ကွင်းလယ်လူ ဒိုကိုရီက အသင်းမှထွက်ခွာလိုကြောင်း ၀န်ခံပြောကြားထားပါတယ်။

ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းဟာ ဆောက်သမ်တန်ဂိုးသမား ဖရေဆာဖော်စတာ ကို ခေါ်ယူဖို့ကြိုးစားနေပါတယ်။

အသင်းပြောင်းမယ်လို့သတင်းထွက်နေတဲ့ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ညိုက အသင်းမှာသာဆက်ရှိမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ရီးယဲယ်မက်ဒရစ်အသင်းဟာ ဂျီနိုအာတိုက်စစ်မှူး Krzysztof Piatek ကို ခေါ်ယူဖို့ကြိုးစားနေပါတယ်။

မိုနာကိုအသင်းဟာ ချယ်ဆီးတိုက်စစ်မှူး ဘက်ရှူအာရီကို ရာသီကုန်အထိအငှားခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။

အဲဗာတန်ကွင်းလယ်လူ ဂါနာက PSG အသင်းရဲ့ကမ်းလှမ်းမှုကိုရရှိထားပေမယ့် အဲဗာတန်ကို စွန့်ခွာမှာမဟုတ်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

 

 



Follow us on