1. Home
  2. Movie Stars - Celebrity

ပရိသတ်တွေကြားဟာသဖြစ်နေရတဲ့ စိုင်းစိုင်းရဲ့ အစီအစဉ်ကြေငြာမှု

Movie Stars - Celebrity ม.ค. 15, 2562 view 1,605

ဘစိုင်းလို့ ပရိသတ်တွေကချစ်စနိုးခေါ်နေကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဟစ်ဟော့အဆိုတော်လောကမှာ အချိန်အကြာကြီးထိ အောင်မြင်မှုတွေနဲ့အတူ ရပ်တည်နေသူဖြစ်ပါတယ်။ မိန်းမ၊ ယောကျာ်း ကြီးငယ်မရွေး ဘစိုင်းဆိုရင်တော့ မကြိုက်သူမရှိလောက်အောင် သီချင်းကောင်းများစွာနဲ့ ပရိသတ်တွေရဲ့ရင်ထဲနှစ်ပေါင်းများစွာတိုင် ၀င်ရောက်နေရာယူထားနိုင်ဆဲဖြစ်ပါတယ်။

အသက် (၄၀) အရွယ် လူပျိုသိုးကြီးအဖြစ်နဲ့ ဘ၀ကိုတစ်ယောက်တည်းရှေ့ဆက်နေတဲ့ စိုင်းစိုင်းကတော့ အသက်သာရလာပေမယ့် ယခုချိန်ထိ လူငယ်လေးတွေနဲ့အပြိုင် နုပျိုခန့်ညားနေသူမို့ ၀န်းရံနေကြတဲ့ မိန်းမထုကြီးကလည်း မနည်းလှပါဘူး။ သီချင်းတွေထွက်တိုင်း အောင်မြင်မှုတွေထိပ်ဆုံးထိရောက်နေတဲ့ ဘစိုင်းကတော့ ပရိသတ်တွေပွဲကြအောင်လုပ်လိုက်ပြန်ပါပြီ။

ဘစိုင်းမှမပါတော့ရင်ပွဲမစည်တော့လောက်အောင် Troller တွေရဲ့ လက်ကနေ အမြဲတမ်းပြေးမလွတ်ဖြစ်နေတဲ့ စိုင်းစိုင်းတစ်ယောက်ကတော့ ပရိသတ်တွေကြားဟာသဖြစ်အောင်လုပ်လိုက်ပြန်တာပဲဖြစ်ပါတယ်။ အဲ့တာကတော့ City FM ရဲ့ (၁၇) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဖေ့စ်ဘွတ်ပေါ်ကနေတိုက်ရိုက်ပြသနေချိန်မှာ Red Carpet ပေါ်က အစီအစဉ်ကြေငြာပေးသူတစ်ယောက်အဖြစ်လုပ်နေတဲ့ စိုင်းစိုင်းတစ်ယောက် တလွဲလေးလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ထိုပွဲကိုတက်ရောက်လာတဲ့ အစီအစဉ်တင်ဆက်သူ ဆန်းထွဋ်နဲ့ဇနီးအပြင် အဆိုတော် ဥာဏ်လင်းအောင်တို့ကိုကြေငြာပေးရာမှာတော့ ပရိသတ်တွေအတွက် တလွဲတွေးပြီး အထင်လွဲစရာဟာသလေးဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ ထိုဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တစ်ဦးကပြန်လည်တင်ထားတာဖြစ်ပြီး ကြည့်မိသူတိုင်းဟာသဖြစ်နေရတဲ့ စိုင်းစိုင်းရဲ့ကြေငြာမှုလေးပဲဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ဟာသဖြစ်စရာ ကြေငြာမှုဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။



Follow us on