1. Home
  2. Special or Others

ဂိမ်းစက်ပေါ် အချိုရည်ဖိတ်ကျလို့ ၄ နှစ်သမီးကို ရိုက်သတ်ခဲ့သူ

Special or Others ม.ค. 15, 2562 view 2,088
Xbox အမျိုးအစား ဂိမ်းစက်ပေါ် သို့ လိမ္မော်ရည်ဖိတ်ကျခဲ့တာကြောင့် အသက် ၄ နှစ်အရွယ် ကလေးမလေးဟာ ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ရပါတယ်။
 
 
“ဂျွန်နသန်ဖဲ” အမည်ရှိတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်ကို သူ့ရည်းစား ဖြစ်သူရဲ့ အသက် ၄ နှစ်သမီး “စကိုင်လာမန်ဒက်စ်” ကို သေစေအောင် ရိုက်နှက်မှုနဲ့ ရဲများက ဖမ်းဆီးလိုက်ပါတယ်။ ဆေးရုံမှ ဆေးစစ်ချက်တွေအရ ကလေးငယ်ဟာ ဖျစ်ညှစ်ကိုင်ဆောင့် အနိုင်ကျင့်ခံထားရတာတွေ ရှိခဲ့ကြောင့် ဖော်ပြထားပါတယ်။ 
တရားခံဖြစ်သူကို စစ်ဆေးရာမှာ ကလေးကို ကြမ်းကြမ်းတမ်းတမ်း အနိုင်ကျင့်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီအမှုကို အပြစ်အပေါ့ဆုံး လူသတ်မှု အဆင့်အဖြစ် သတ်မှတ်ထားပြီး "ဂျွန်နသန်" ကို ဖမ်းဆီးထားပါတယ်။
 
 
ဖြစ်ကာစမှာ “စကိုင်လာ” ရဲ့ မိသားစုက မတော်တဆဖြစ်တာလို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ “ဂျွန်နသန်” ရဲ့ လက်ချက်ဆိုတာ သိသွားပြီး ယူကျူံးမရဖြစ်ခဲ့ကြပါတယ်။ သူတို့ တူမလေးရဲ့ အသက်ကို မကောင်းဆိုးရွာတစ်ကောင် နှုတ်ယူသွားခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။
 
အခင်းဖြစ်ချိန်မှာ “စကိုင်လာ” ရဲ့ မိခင် အိမ်မှာမရှိခဲ့ပါဘူး။ “ဂျွန်နသန်” က ကလေးကို ဆေးရုံခေါ်သွားခဲ့ပေမယ့် ကလေးက သတိပြန်မလည်တော့ပဲ သေဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။


Follow us on