ထိုင်းအမျိုးသားလက်ရွေးစင်အသင်းသည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တွင် ကျင်းပနေသော အာရှဖလားပြိုင်ပွဲ၌ အုပ်စုဒုတိယဖြင့် ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ထိုင်းအသင်းသည် အုပ်စုဖွင့်ပွဲတွင် အိန္ဒိယကို လေးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး နည်းပြကိုပါ ရာထူးမှ ချက်ချင်းထုတ်ပယ်ခဲ့သော်လည်း နောက်နှစ်ပွဲတွင် လေးမှတ်ရယူကာ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းသည် ၁၉၇၂ခုနှစ်တွင် နောက်ဆုံးအကြိမ်အဖြစ် အုပ်စုတက်ခဲ့ပြီး အကြိုဗိုလ်လုပွဲအထိ ရောက်ရှိခဲ့သည်။ ထိုင်းအသင်းပါဝင်သော အုပ်စုတွင် အိမ်ရှင်ယူအေအီးက အုပ်စုပထမရခဲ့ပြီး ဘာရိန်းအသင်းမှာ ထိပ်တိုက်တွေ့ဆုံမှုရလဒ်ကြောင့် တတိယနေရာသာ ရခဲ့သည်။သို့သော် ဘာရိန်းသည် အကောင်းဆုံးအုပ်စုတတိယအဖြစ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရန် အခြေနေကောင်းနေသည်။ အိန္ဒိယသည် ပွဲဦးထွက် နိုင်ပွဲရခဲ့သော်လည်း နောက်နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး အုပ်စုနောက်ဆုံးတွင် ရပ်တည်ခဲ့ရသည်။