1. Home
  2. Football

ဆားဖြူး မင်းသားကြီး ရဲ့ ဆိုင်မှာ စားသောက်ခဲ့ကြတဲ့ နာမည်ကျော် ဘောလုံးကစားသမားများ

Football ม.ค. 16, 2562 view 2,169

Memes လောကမှာ တစ်ဟိုးဟိုး တစ်ကျော်ကျော် ဖြစ်နေတဲ့ Steak ဆိုင်မှ စတိုင်နဲ့အဆန်းနဲ့ ဆာဖြူးတတ်တဲ့ ဆိုင်ပိုင်ရှင် စားဖိုမှူး Salt Bae အကြောင်းကို မသိတဲ့နည်းပါလိမ့်မယ်။


သူရဲ့ဆားဖြူးတဲ့ အပြုအမူဟာ လူတွေအကြား နာမည်ကျော်သွားခဲ့တဲ့ Salt Bae ရဲ့ ဆိုင်ကို နာမည်ကျော်ဘောလုံးကစားသမားတွေလည်း လာရောက်စားသောက်ကြတယ်ဆိုတာပါပဲ။


သူရဲ့ ဆာဖြူတဲ့ ပုံစံဟာ မြွေတစ်ကောင် ပေါက်သလိုမျိုး အဆန်ထွင်ပြီး ဟင်းချက်ရင်းဆားဖြူးပြတဲ့ ဗီဒီယိုကိုလူကြည့်များခဲ့ကာ အခုဆိုရင် Salt Bae ဆိုပြီးကမ္ဘာအနှံ့မှာ သန်းချီ ကြည့်ရူသူ အတော်များခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီ video ကနေ Memes လောကမှာလူသိများခဲ့တဲ့ Salt Bae ဟာတူရကီစားဖိုမှူးတစ်ယောက်ဖြစ်ပြီး၊ နာမည်အရင်းကတော့ Nusret Gökçe ပါ။ အသက် ကတော့ ၃၆ နှစ်ရှိပါပြီ။ Steak ဆိုင်တွေကို ပိုင်ဆိုင်ပြီး၊အဲဒီဆိုင်တွေကို တူရကီနဲ့ဒူဘိုင်းတို့မှာ ဖွင့်လှစ်ထားပါတယ် သိရပါတယ်။

IMAGE LINK

သူဆိုင်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်လည်းသွားရောက်စားသောက်ဖူးခဲ့ပြီး တိုက်တန်နစ်မင်းသား Leonardo DiCaprio လည်း သူဆိုင်ကို စားသောက်ခဲ့ကြတယ်လို့ သိရပါတယ်။



ဘောလုံးလောကရဲ့ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ အဂူရို ၊ ရီဘာရီ ၊ ဒီဘရိုင်း ၊ ဒေဗစ်ဘက်ခမ်း ၊ ရော်နယ်ဒို ၊ မာရာဒိုနာ ၊ မာရှယ် ၊ လူကာကူ အစရှိတဲ့ နာမည်ကြီး ကစားသမားတွေလည်း သွားရောက် စားသောက်ခဲ့ကြပါတယ်။ မက်ဆီ နဲ့ ပေါ့ဂ်ဘာ တို့က အတူတကွသွားရောက်စားသောက်ခဲ့ကြပြီး၊ Salt Bae ပုံစံအတိုင်း ဟင်းပွဲပေါ်ကို ဆားဖြူးခဲ့ကြပါသေးတယ်။


ဘောလုံးကစားသမားတွေနဲ့ Salt Bae ဆာဖြူးတဲ့ ဗီဒီယို >>



Follow us on