1. Home
  2. Movie Stars - Celebrity

Mission Impossible ဇာတ်ကားသစ် (၂)ကား ထပ်မံထွက်ဦးမည်ဟု တွမ်ခရုစ် အတည်ပြု

Movie Stars - Celebrity ม.ค. 16, 2562 view 1,589
ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင် ဇာတ်လမ်းတွဲဖြစ်သည့် Mission Impossible ရုပ်ရှင်ဇာတ်ကားသစ် (၂)ကား ထပ်မံထွက်လာမှာ ကျိန်းသေးတယ်လို့ မင်းသား တွမ်ခရုစ်က ပရိသတ်တွေကို ကြိုတင်ပြီး သတင်းကောင်းပေးလိုက်ပါတယ်။
 
ဒါရိုက်တာ ခရစ္စတိုဖာမက်ကွာရီး ရိုက်ကူးမယ့် Mission Impossible ဇာတ်ကားသစ် ၂ ကားကို ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တို့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ အဆိုပါဇာတ်ကားတွဲများရဲ့ မင်းသား တွမ်ခရုစ် က “အီသာဟန့်” နေရာကပဲ ပါဝင်သရုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်။ ဒီအကြောင်းကို တွမ်ခရုစ်က သူ့ရဲ့လူမှုကွန်ယက်တွေပေါ်ကနေ မီးတောက်နေတဲ့ M:I လိုဂိုလေးနှစ်ခုနဲ့အတူ Summer 2021 and Summer 2022 လို့ တင်ပေးထားခဲ့ပါတယ်။
 
 
ဒါရိုက်တာ ခရစ္စတိုဖာမက်ကွာရီး ကလည်း ဒီဇာတ်ကားနှစ်ကားကို အချိပ်အဆက်မိမိ ရိုက်ကူးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး သူ့ရဲ့ တွစ်တာပေါ်ကနေ Mission Impossible ရိုက်ကူးဖို့ လက်ခံလိုက်ပြီဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ရိုက်ကူးဖို့ လက်ခံလိုက်ပြီဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။
 
 
ခရစ္စတိုဖာမက်ကွာရီး ဟာ Mission Impossible ဇာတ်လမ်းတွများဖြစ်တဲ့ Rogue Nation(2015) နဲ့  Fallout(2018) တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာလည်း ဖြစ်သလို တွမ်ခရုစ်နဲ့ အတူတူလက်တွဲနေကျ ဒါရိုက်တာလည်းဖြစ်ပါတယ်။
 
ဒါကြောင့်မို့ တွမ်ခရုစ် ရဲ့ ပရိသတ်တွေအတွက် Mission Impossible ဇာတ်ကားသစ် ၂ ကား ထပ်မံထွက်ရှိလာဦးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ကြဖို့ ပိုပိုလေးမှ ပိုပိုလေးမှ သတင်းကောင်းပါးလိုက်ပါတယ်။
 


Follow us on