1. Home
  2. Special or Others

ပရိသတ်တွေ မှင်သက်မိသွားတဲ့ အမေရိကန် ကျွမ်းဘားမယ်ရဲ့ ကကွက်ဆန်းများ (ရုပ်သံ)

Special or Others ม.ค. 16, 2562 view 1,673
အမေရိကန်ကောလိပ်ကျောင်းပေါင်းစုံ ကျွမ်းဘားစွမ်းရည်ပြိုင်ပွဲမှာ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကျွမ်းဘားမယ် “Katelyn Ohashi” ရဲ့ ယှဉ်ပြိုင်မှုကို ပရိသတ်တွေ အံ့သြလွန်းလို့ အထူးနှစ်ခြိုက်ပြီး အုန်းအုန်းကျက်ကျက်နဲ့ တခဲနက် အားပေးခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။
 
သူမရဲ့ ကျွမ်းဘားကကွက်တွေဟာ ပရိသတ်တွေ လုံးဝမမြင်တွေ့ဘူးသေးတဲ့ ကကွက်ဆန်းတွေဖြစ်ပြီး ထင်မှတ်မထားတဲ့ ပြကွက်တစ်ခု လုပ်ပြလိုက်တိုင် ပရိသတ်တွေ တဝေါဝေါနဲ့ အားပေးခဲ့ကြပါတယ်။ သူမရဲ့ အစွမ်းပြရုပ်သံကို ၃ ရက်အတွင်း တွစ်တာပေါ်မှာ ဝင်ရောက်ကြည့်ရှုသူ ၃၁ သန်း ကျော်နေပြီဖြစ်ပါတယ်။
 
 
အသက် ၂၁ နှစ်အရွယ် “Katelyn Ohashi” က မိုက်ကယ်လ်ဂျက်ဆင်တေးသွားများအပြင် သူမရဲ့ ကကွက်များနဲ့ လိုက်ဖက်မယ့် မြူးမြူးကြွကြွတေးသွားတွေကို ပေါင်းစပ်ပြီး ယှဉ်ပြိုင်ပြသခဲ့တာဖြစ်ပါတယ်။


Follow us on