1. Home
  2. Movie Stars - Celebrity

ဝတဲ့သူတွေအတွက် ရည်ရွယ်ရေးသားထားတဲ့ စမိုင်းလ်ရဲ့ ၀ိတ်ချနည်းစာအုပ်

Movie Stars - Celebrity ม.ค. 16, 2562 view 1,919

တစ်ချိန်က ပရိသတ်တွေရဲ့ရင်ထဲမှာ ၀င်ရောက်နေရာယူခဲ့သူလေးဖြစ်ပြီး ယခုနောက်ပိုင်းအနုပညာလှုပ်ရှားမှုတွေနဲ့ အလှမ်းဝေးသွားပေမယ့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားဆဲဖြစ်တဲ့ သရုပ်ဆောင်စမိုင်းလ်ကိုတော့ အားလုံးကသိကြမယ်ထင်ပါတယ်။ မြန်မာပြည်ကို ပြန်ရောက်စဉ်က အ၀လွန်နေခဲ့တဲ့ စမိုင်းလ်ဟာ ယခုချိန်မှာတော့ ကျစ်လစ်လှပတဲ့ ဘော်ဒီကိုလက်ဝယ်ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။

မြန်မာအမျိုးသမီးတွေရဲ့ ထုံးစံအတိုင်း အိမ်ထောင်ကျ၊ ကလေးမွေးဖွားပြီးနောက် အ၀လွန်ဖြစ်နေခဲ့ပေမယ့် အလှအပကိုထိန်းသိမ်းကာ အိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့ စံပြအဖြစ် အ၀လွန်နေတာကနေ လှပသူတစ်ယောက်ဖြစ်အောင် ထိန်းသိမ်းကြိုးစားပြနိုင်ခဲ့ပါတယ်။ ယခုလိုသူမပိန်သွားရတဲ့ ၀ိတ်ချနည်းလျှို့ဝှက်ချက်ကို တောင်းဆိုကြသူတွေများတဲ့အတွက် စမိုင်းလ်တစ်ယောက် ၀တဲ့သူတွေရည်ရွယ်ကာ ၀ိတ်ချနည်းစာအုပ်လေးကို ရေးသားခဲ့တာပဲဖြစ်ပါတယ်

“၀သောသူကို ကြင်နာပါ”ဆိုတဲ့ သူမရဲ့ ၀ိတ်ချနည်းစာအုပ်လေးကတော့ မကြာခင်အချိန်အတွင်းမှာပင် ပရိသတ်တွေရဲ့လက်ထဲကို ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ ထိုစာအုပ်လေးထဲမှာတော့ သူမကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ လက်တွေ့ဝိတ်ချနည်းတွေနဲ့ လေ့ကျင်းခန်းအကြောင်းတွေကို မျှဝေရေးသားထားတာဖြစ်ပြီး ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာတော့ ထိုစာအုပ်လေးကို လက်မှတ်ထိုးကာစတင်ရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။

စမိုင်းလ်တစ်ယောက် သူမရဲ့စာအုပ်လေးနဲ့ပတ်သက်ပြီး  “Smile ရဲ့ Sharing is Caring ဝသောသူကိုကြင်နာပါဆိုတဲ့စာအုပ်လေးထွက်ပါပြီ.. ဘယ်လိုဝိတ်ချထားတယ်ဆိုတာတွေ ဘယ်လိုစားသောက်ရတယ်….လေ့ကျင့်ခန်းလုပ်နည်းတွေပါမကျန်အကုန်နားလည်သိသလောက်ကိုအကုန်ရေးထားပေးတယ်..စဆရက လုပ်တာမဟုတ်ပဲ တကယ်ကြုံတွေ့ခံစားထားရတာတွေကို ရေးပြထားတာမို့လို့ ရင်ဘတ်ချင်းတူပြီးနားလည်မယ်လို့မျှော်လင့်ထားပါတယ်



Follow us on