1. Home
  2. Movie Stars - Celebrity

Bikini ၀တ်စုံနဲ့ ရေကူးကန်ထဲဒိုင်ဗင်ပစ်ပြပြီး ရင်ခုန်အောင်လုပ်လိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

Movie Stars - Celebrity ม.ค. 16, 2562 view 2,614

ကောင်းမွန်ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့အားပေးမှုတွေကို အခိုင်အမာရရှိထားပြီးသားဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ယခုနောက်ပိုင်း သူမရဲ့ Sexy ကျကျဝတ်စားဆင်ယင်မှုတို့ကြောင့် လူတိုင်းရဲ့ပါးစပ်ဖျားမှာ ပြောစမှတ်ဖြစ်လာအောင်အထိ ရေပန်းစားလာသူဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်တိုက်ခိုက်မှုတွေကို အများဆုံးခံရသူတွေထဲကတစ်ယောက်ဖြစ်ပြီး ဘယ်လိုပင်ပြစ်တင်ပြောဆိုပါစေ သူမရဲ့အနုပညာဝမ်းစာဖြစ်တဲ့အလုပ်တွေကိုတော့ ဇောက်ချလုပ်ကိုင်နေဆဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ကြော်ငြာရိုက်ကူးမှုတွေနဲ့ ပွဲတွေကိုပဲအများဆုံးတက်ရောက်ဖြစ်နေတဲ့ သင်ဇာကတော့ သူမမပါရင်ပွဲမစည်တော့လောက်အောင် ပွဲတွေတိုင်းမှာလည်း မပါမဖြစ်အရေးပါသူတစ်ယောက်ဖြစ်လို့လာပါတယ်။

အလှအပအတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ကာ သူမရဲ့ခန္ဓာကိုယ်ကိုထိန်းသိမ်းနေသူတစ်ယောက်ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့သူမရဲ့အလှတွေက ပုရိဿတွေကို ဆွဲဆောင်ထားရုံသာမက မိန်းကလေးထုကြီးကပါ အားကျနေရသူပဲဖြစ်ပါတယ်။

လတ်တလောကို ချောင်းသာကမ်းခြေမှာ အပန်းဖြေအနားယူနေတဲ့ သင်ဇာတစ်ယောက် သူမရဲ့အလှပုံရိပ်လေးတွေကိုမျှဝေရင်း ပရိသတ်ကြီးကိုရင်ခုန်အောင် လုပ်လိုက်ပြန်ပါပြီ။ Bikini ၀တ်စုံလေးနဲ့ ရေကူးကန်ထဲကိုဒိုင်ဗင်ထိုးနေတဲ့ အပျော်သဘောလေးနဲ့ မျှဝေထားတာဖြစ်ပေမယ့် ကြည့်မိသူတွေအတွက်တော့ ရင်ခုန်စရာကောင်းနေတာပါနော်။ အမြဲရင်ခုန်စိတ်လှုပ်ရှားအောင် ဆွဲဆောင်နိုင်လွန်းတဲ့ သင်ဇာရဲ့ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်...

 



Follow us on