1. Home
  2. Movie Stars - Celebrity

စိတ်ကျရောဂါ ဝေဒနာခံစားနေရလို့ ခေတ္တအနားယူမယ်ဆိုတဲ့ ပဲရစ်ဂျက်ဆင်

Movie Stars - Celebrity ม.ค. 16, 2562 view 1,604

ပေါ့ပ်ဘုရင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ သမီးဖြစ်သူ ပဲရစ်ဂျက်ဆင်ဟာ စိတ်ကျဝေဒနာရောဂါကိုခံစားနေရပါတယ်။ အသက် ၂၀ ရှိပြီဖြစ်တဲ့ ပဲရစ်ဟာ အဖေ့ခြေရာအတိုင်း အဆိုတော်အလုပ်ကိုဆက်လက်လုပ်ကိုင်ကာ၊ ဝါသနာပါတဲ့မော်ဒယ်၊သရုပ်ဆောင် အလုပ်ကိုလဲဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။


အနုပညာ အလုပ်တွေကို မနားတမ်းလုပ်ကိုင်လာတဲ့ သူမဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာကြောင့် ခဏတစ်ဖြုတ်အနားယူမယ့်အကြောင်းကိုသတင်း မီဒီယာတွေကနေတစ်ဆင့် အသိပေးခဲ့ပါတယ်။


ပဲရစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က စိတ်ကျရောဂါနဲ့ စိုးရိမ်မှုများပြားခြင်းတို့ကြောင့် ဆေးကုသမှုခံယူခဲ့ဖူးပါတယ်။ ထိုအချိန်က ပဲရစ်တစ်ယောက် အသက် ၁၅နှစ်သာသာ ပဲရှိပါသေးတယ်။ ထိုအချိန်တုန်းကလဲ ပဲရစ်တစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ အခြေအနေဆိုးဝါးခဲ့ပါတယ်။

 

ပဲရစ်က သူခံစားနေရတဲ့ စိတ်ကျရောဂါဝေဒနာနဲ့ပတ်သတ်ပြီး ဒီလိုပြောပြခဲ့ပါတယ်။ ‘ကိုယ့်ကိုယ်ကို မုန်းလာတယ်၊ အထင်သေးလာတယ်၊သိမ်ငယ်လာတယ်၊ ကိုယ်လုပ်နိုင်တာ ဘာမှမရှိဘူးလို့ထင်လာတယ်၊ ကိုယ်အသက်ရှင်နေထိုင်ဖို့မထိုက်တန်တော့ဘူးလို့ထင်လာတယ်’ လို့ မဂ္ဂဇင်း အင်တာဗျူးတစ်ခုမှာဖြေကြားထားပါတယ်။


သူမက အိပ်ဆေးသောက်ပြီး သတ်သေဖို့ကြိုးစားဖူးသလို လက်ကောက်ဝတ်ကိုဓားနဲ့လဲ မွှန်းဖူးပါတယ်တဲ့။ “ကျွန်မရူးခဲ့ပါတယ်။ ဒီလိုကိစ္စရပ်မျိုးတွေ ကြုံတွေ့နေရတာကလဲ တစ်ခါနှစ်ခါမကတော့ပါဘူး။ စိတ်ကျရောဂါနဲ့ ပတ်သတ်ပြီး မကျေနပ်တာတွေ၊ ဒေါသထွက်လာတာတွေရှိရင်တစ်ယောက်တည်းဖြေရှင်းတတ်လာတယ်” လို့ အင်တာဗျူးမှာပြောခဲ့ပါတယ်။


စိတ်ကျရောဂါဆိုတာ အနုပညာရှင်တွေနဲ့ အလုပ်များတဲ့စီးပွားရေးလုပ်ငန်းရှင်တွေမှာဖြစ်ပွားလေ့ရှိပြီး လက်ရှိမှာတော့ ဟောလိဝုဒ်အဆိုတော် Selena Gomez ကလဲအလားတူစွာ စိတ်ပိုင်းဆိုင်ရာဆေးကုသမှုကိုခံယူနေရတာဖြစ်ပါတယ်။




Follow us on