1. Home
  2. Movie Stars - Celebrity

2019 မှာ တစ်ယောက်တည်းမဟုတ်တော့ဘူးလို့ပြောလိုက်တဲ့ ကင်မ်ဂျုံကွတ်

Movie Stars - Celebrity ม.ค. 16, 2562 view 1,504

Channel7 ရုပ်သံလိုင်းမှာထုတ်လွှင့်လေ့ရှိတဲ့ Running Man အစီအစဉ်ဟာဆိုရင် မြန်မာပရိတ်သတ်ကြီးအတွက်စိမ်းနေမယ်မထင်ပါဘူး။ Running Man ထဲမှာ အတောင့်ဆုံး အားအကြီးဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဗလကြီးကင်မ်ဂျုံကွတ်ကိုတော့ ပရိတ်သတ်ကြီးနဲ့ အထူးတလည်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။

 

သွက်လက်ဖျတ်လတ်ပြီး လှုပ်ရှားမှုတိုင်းက ကျားတစ်ကောင်လို လျင်မြန်လှတာကြောင့် သူ့ကို ‘စပါတာကွတ်’ ဆိုပြီး ကျားတစ်ကောင်အဖြစ် နာမည်ပြောင်ပေးခဲ့တာပါ။ ကင်မ်ဂျုံကွတ်မှာရှိတဲ့ ခွန်အားတွေကလဲ ကျားတစ်ကောင်လိုမျိုးသန်မာလှတာကြောင့် ‘ကျား’ လို့နာမည်ပြောင်ပေးခဲ့တာမဆန်းပါဘူး။


ပြီးခဲ့တဲ့ လပိုင်းတုန်းက Running Man အဖွဲ့ဝင် လီကွမ်ဆူတစ်ယောက် ရည်းစားရသွားပြီဖြစ်ကြောင်း သတင်းမီဒီယာတွေကိုအသိပေးခဲ့ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့မှာထုတ်လွှင့်တဲ့ အပိုင်းမှာ လီကွမ်ဆူရည်းစားရတဲ့ ကိစ္စနဲ့စပ်လျဉ်းပြီး သတင်းစာရှင်းလင်းပွဲပုံစံပြုလုပ်ကာ လီကွမ်ဆူကိုစနောက်ခဲ့ကြပါတယ်။


လီကွမ်ဆူတစ်ယောက် စွံသွားပြီဆိုတော့ အသက်ကြီးပြီးလူပျိုကြီးအဖြစ်ကျန်ရှိနေသေးတဲ့ ကင်မ်ဂျုံကွတ်ဘက်ကို မြှားဦးလှည့်လာပါတယ်။ ကင်မ်ဂျုံကွတ်က သူ့အနေနဲ့အသက်လဲမငယ်တော့တဲ့အတွက် ၂၀၁၉ မှာ ရည်းစားထားပြီး ၂၀၂၀ မှာအိမ်ထောင်ပြုချင်ပါတယ်လို့ အဆိုပါသတင်းစာ ရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ လက်ရှိမှာတော့ ‘စပါတာကွတ်’ ‘Captian’ ‘Tiger’ အစရှိတဲ့နာမည်ပြောင်တွေကို ပိုင်ဆိုင်ထားတဲ့ ကင်မ်ဂျောင်ကွတ်ဟာ အသက် 42 ရှိနေပြီဖြစ်ပါတယ်။


 

 



Follow us on