1. Home
  2. Movie Stars - Celebrity

မင်္ဂလာဆောင်မယ့်ရက်အတိအကျကို ထုတ်ပြန်လိုက်ပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ

Movie Stars - Celebrity ม.ค. 17, 2562 view 1,550

ကမ္ဘာကျော် ကနေဒီယန် လူမျိုး ပေါ့ပ်အဆိုတော်ဂျက်စတင်ဘီဘာဟာ ပြီးခဲ့တဲ့ 2018 ဂျူလိုင်လမှာ ချစ်သူ အမေရိကန်မော်ဒယ် Hailey Baldwin နဲ့စေ့စပ်ကြောင်းလမ်းပြီးကြောင်း အသိပေးကြေငြာခဲ့ပါတယ်။

 

နိုဝင်ဘာလမှာတော့ ဘီဘာနဲ့ ဟေးလီတို့ဟာ လက်ထပ်ပြီးစီးကြောင်း သူတို့ရဲ့ instagram post တွေကနေ ပရိတ်သတ်ကိုအသိပေးခဲ့ပါတယ်။ ဟေးလီကလဲသူမရဲ့ အကောင့်ကနေ Hailey Bieber ဖြစ်သွားကြောင်း bio မှာရေးသားခဲ့ပြီး ဂျက်စတင်ဘီဘာကလဲ My wife is awesome ဆိုပြီး ပုံနှင့်တကွတင်ခဲ့ပါတယ်။



ဘီဘာနဲ့ Hailey တို့ဟာ လက်ထပ်ပြီးစီးသွားပေမယ့် လက်ထပ်မင်္ဂလာပွဲပြုလုပ်ခြင်း မရှိသေးပါဘူး။ အခုတော့ ဘီဘာကသူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲရက်မြတ်ကို ပရိတ်သတ်ကို အသိပေးကြေငြာလိုက်ပါပြီ။



ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဘီဘာနဲ့ ဟေးလီတို့လက်ထပ်ထိမ်းမြားမယ့် မင်္ဂလာရက်မြတ်ပဲဖြစ်ပါတယ်။ တလောက ဘီဘာတစ်ယောက် အယ်လ်ဘမ်အသစ်အတွက် စတူဒီယိုမှာ သီချင်းသွင်းနေတယ်လို့သတင်းတွေထွက် ခဲ့ပါတယ်။ ဂျေဘီရဲ့ သီချင်းအသစ်ဟာ သူ့ရဲ့ မင်္ဂလာပွဲနေ့မှ ပရိတ်သတ်တွေအတွက် surprise အနေနဲ့ထွက်လာလေမလား ဆိုတာတော့မပြောတတ်ပါဘူး။




Follow us on