1. Home
  2. Movie Stars - Celebrity

Star Awards ဆုပေးပွဲမှ ရန်သူရုပ်ရှင်ဇာတ်ကားကြီး တရားဝင်နှုတ်ထွက်လိုက်ကြောင်း ကြေငြာချက်

Movie Stars - Celebrity ม.ค. 17, 2562 view 1,941

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးလို ရုပ်ရှင်ထူးချွန်ဆုတွေကို ထိုက်ထိုက်တန်တန်ချီးမြှင့်သွားမယ့် Star Awards ဆုပေးပွဲကြီးကတော့ အနုပညာရှင်တွေအတွက် ထူးခြားတဲ့ပန်းတိုင်တစ်ခုဖြစ်လာဖွယ်ရှိပါတယ်။ ထိုဆုပေးပွဲကို ၂၀၁၉ ခုနှစ်အတွင်းမှာ ပထမဆုံးအနေနဲ့ ထူးခြားစွာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ထို့အတွက်လည်း အနုပညာရှင်တွေများစွာက စိတ်လှုပ်ရှားနေကြသလို ပရိသတ်တွေကလဲ စိတ်ဝင်တစားနဲ့စောင့်ကြည့်နေကြတာပဲဖြစ်ပါတယ်။

Star Awards ဆုပေးပွဲကြီးကို ၂၀၁၉ ခုနှစ် ဧပြီလ (၅) ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာထဲက ဇကာတင်ဇာတ်ကား (၂၁) ကားကိုရွေးချယ်ပြီး ထူးချွန်ဆု ၁၈ ဆုတောင် ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ဆုပေးပွဲအတွက် တစ်ကြိုပေးခြင်းခံထားရတဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် Star Awards ဆုပေးပွဲကနေ တရားဝင်နှုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

လူကြိုက်အများဆုံး ရုပ်ရှင်ကားတစ်ခု ဆုပေးပွဲကနေ နှုတ်ထွက်သွားတာကြောင့် ပရိသတ်တွေအားလုံးလဲ စိတ်မကောင်းဖြစ်ကာ အံ့အားသင့်လို့နေကြပါတယ်။ ရန်သူရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နေမင်း၊ အကယ်ဒမီ ၀တ်မှုန်ရွှေရည်နဲ့ နေခြည်ဦးတို့က အဓိကပါဝင်သရုပ်ဆောင်ထားခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်ထဲမှာပဲ ရုံတင်ပြသသွားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Star Awards ဆုပေးပွဲကနေ “ရန်သူ” ဇာတ်ကားကြီး နှုတ်ထွက်လိုက်ရတဲ့အကြောင်းရင်းကိုတော့ ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ တရားဝင်ရေးသားကြေငြာလိုက်တာပဲဖြစ်ပါတယ်။ ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ်ရေးကနေ ကြေငြာလိုက်တာကတော့ “Star Award ကျင်းပမယ် ဆိုတဲ့အကြောင်းကို ထုတ်လုပ်သူကိုယ်တိုင်လေးစားရတဲ့ စာနယ်ဇင်းမှ အန်ကယ်ကြီးက Facebook Messenger ကတစ်ဆင့်လှမ်းပြောပါတယ် စပြောပြောခြင်းပဲ ထုတ်လုပ်သူကလည်းအားတက်သရော ပါဝင်ကူညီမယ့်အကြောင်းပြန်ပြောခဲ့ပါတယ်။ စာနယ်ဇင်းပွဲအပြီး ဇကာတင်ဇာတ်ကားဆိုပြီးစာရင်းထွက်လာတော့ ရွှေစင်ဦးတစ်တိုက်တည်းက ၂၀၁၈ ရုံတင်ဇာတ်ကား ၃ကားရှိနေပါလျှက် နှစ်ကားက ပျောက်ခြင်းမလှပျောက်နေတာတွေ့လိုက်ရတယ်။”

“ပျောက်နေတဲ့ဇာတ်ကားနှစ်ကားကလည်း နေတိုးကားတွေဖြစ်နေတဲ့အတွက် ဘယ်လိုရွေးချယ်သလဲဆိုတဲ့အတွေးကိုဖြစ်စေပါတယ်။ မုန်းလို့ရရင်မုန်းချင်တယ်ဇာတ်ကားဆိုရင် ဖယ်ထုတ်လိုက်တယ်ဆိုတာ လက်ခံလို့မရတဲ့ကားဆိုတာကိုပရိသတ်လည်းသိပါတယ်။ ဒါကြောင့်ပဲ ရန်သူကိုလည်း နှုတ်ထွက်ဖို့လုံလောက်တဲ့ဆုံးဖြတ်ချက်ကို ချလိုက်တာပါ။ လို့ သူတို့ရဲ့သက်ဆိုင်ရာဖေ့ဘုတ်စာမျက်နှာကနေ ကြေငြာသွားခဲ့တာပါ” ဆိုပြီး တရားဝင်နှုတ်ထွက်ကြောင်း ရေးသားခဲ့တာပဲဖြစ်ပါတယ်။

 

 



Follow us on