1. Home
  2. Special or Others

လူကောင်သေးသလောက် အများကြီးစားနိုင်တဲ့ Tik Tok China မှတရုတ်မိန်းကလေး

Special or Others ม.ค. 17, 2562 view 1,658

တရုတ်နိုင်ငံမှ application တစ်ခုဖြစ်တဲ့ tik tok ဟာဆိုရင် တရုတ်နိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းလုံးက လူတွေအသုံးပြုတဲ့အတွက် နာမည်ကြီးလူသိများတဲ့ app တစ်ခုလို့ပြောရမှာပါပဲ။ တရုတ်လို Daoyin လို့ခေါ်ပြီး နာမည်ကြီး celebrity တွေကအစ အသုံးပြုတာကြောင့် celebrity တွေရဲ့ ထူးခြားဆန်းပြားတဲ့ ဗွီဒီယိုတွေကိုကြည့်ချင်တယ်ဆိုရင်လဲ tik tok မှာသွားရှာလို့ရပါတယ်။


ဒီတိုင်းသာမန်လူတွေလဲ သီချင်းများနဲ့ သူတို့ရဲ့ idea တွေကိုတီထွင်ဆန်းသစ်ပြီး Tik Tok မှာတင်ကြပါတယ်။ အခုဆိုရင်အာရှနိုင်ငံတော်တော်များများမှာ Tik Tok Award ဆိုပြီးတော့ Tik Tok မှာနာမည်ကြီး လူကြိုက်များတဲ့ လူတွေကို ဆုပေးတာမျိုးတွေတောင်ရှိလာပါပြီ။


Tik Tok မှာ ဟာသ၊ သီချင်းနဲ့ထူးဆန်းထွေလာတွေ ရှိသလို အစားတလိုင်းလူတွေလဲရှိပါသေးတယ်။ daweimini အကောင့်ပိုင်ရှင်မိန်းကလေးဟာ Tik Tok မှာ စားနိုင်လွန်းလို့နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ပါ။ လူကောင်သေးသေးလေးပေမဲ့ သူမတစ်ခါစားရင် ဖက်ထုပ်အခု သုံးရာ၊ ခေါက်ဆွဲဘူးအခု နှစ်ဆယ်စားနိုင်တာကြောင့် လူတွေအကုန် အံ့အားသင့်ကုန်ကြပါတယ်။ သူမရဲ့ နောက်ထပ်ထူးခြားတဲ့အချက်တစ်ချက်ကတော့ ဘယ်သွားသွား သူမရဲ့ ကိုယ်ပိုင်ပန်းကန်ပြားအကြီးကြီးကို ယူဆောင်သွားတတ်တာပါပဲ။ ဘာစားစား ပန်းကန်ပြားအကြီးကြီးထဲမှာအပြည့်ထည့်စားလေ့ရှိပါတယ်။ ကြက်ကြော်ဆိုရင်လဲ ထိုပန်းကန်ပြားနဲ့အပြည့်ပါပဲ။ မယုံမရှိပါ သူစားသုံးတဲ့ ဗွီဒီယိုဖိုင်ကိုကြည့်ကြည့်လိုက်ကြပါဦး။

 


 

 



Follow us on