Sussex မြို့ရဲ့မြို့စားကတော်တစ်ယောက်လဲဖြစ် တော်ဝင်မင်းသား ဟယ်ရီရဲ့ ကြင်ယာတော်တစ်ယောက်လဲဖြစ်တဲ့ မီဂန်မာကယ်လ်ဟာ Albert အမည်ရှိတဲ့တော်ဝင် ခန်းမမှာပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညပိုင်းအချိန်အခါက ပရဟိတအသင်းတစ်ခုရဲ့ ဖျော်ဖြေပွဲကို ခင်ပွန်းသည်နဲ့အတူ တက်ရောက်ခဲ့ပါတယ်။
အဆိုပါပရဟိတဖျော်ဖြေပွဲက မြို့စားမင်းဟယ်ရီဦးစီးတဲ့ ပရဟိတအသင်းကလုပ်ဆောင်တာဖြစ်ပြီး တောင်အာဖရိကမှာရှိတဲ့ HIV/AIDS ရောဂါကူးစက်ခံရတဲ့ကလေးငယ်တွေကို ကူညီစောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ကိုယ်ဝန် (၆) လရှိပြီဖြစ်တဲ့ မီဂန်ဟာ ထိုပွဲမှာ စတာလင်ပေါင် ၃၄၀၀ တန်တဲ့ ညနေခင်းဝတ်စုံကိုဝတ်ဆင်ထားပါတယ်။ ဒီပွဲမှာ မီဂန့်ဖက်ရှင်နဲ့ပတ်သတ်ပြီး လူထုနဲ့ သတင်းမီဒီယာတွေသတိထားမိတာတစ်ခုက သူမလက်မှာဆင်မြန်းထားတဲ့ လက်ကောက်ပဲဖြစ်ပါတယ်။ အဆိုပါလက်ကောက်ဟာ သေဆုံးသွားပြီဖြစ်တဲ့ မင်းသားနှစ်ပါးရဲ့မိခင် ဒိုင်ယာနာမင်းသမီးရဲ့ လက်ကောက်ပဲဖြစ်ပါတယ်။ ယောက္ခမရဲ့ တော်ဝင်လက်ကောက်ကို ပန်ဆင်ထားတဲ့မီဂန်ဟာ ဝတ်ထားတဲ့ဝတ်စုံနဲ့လိုက်ဖက်စွာ မဟာဆန်ဆန်တင့်တယ်လှပနေပါတော့တယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မြို့စားနဲ့ အသက်၃၇ နှစ်ရှိပြီဖြစ်တဲ့ မြို့စားကတော်တို့ဟာ လျှောက်လှမ်းမှာရွှေလက်တွဲကာ တင့်တယ်စွာလျှောက်ခဲ့ကြပြီး ဂုဏ်သရေရှိလူကြီးမင်းတွေထိုင်တဲ့ နေရာမှာ ထိုင်ကာ ဖျော်ဖြေပွဲကိုဂုဏ်ပြုအားပေးခဲ့ကြပါတယ်။