1. Home
  2. Football

ကျွန်တော်ဟာ ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့် ရှိသူပါ #မော်ရင်ဟို

Football ม.ค. 18, 2562 view 1,473

မန်ယူနိုက်တတ်အသင်း မှ ထုတ်ပယ်ခံလိုက်ရတဲ့ မောရင်ဟို ဟာ လက်ရှိမှာ အားကစား သတင်းဌာနတစ်ခုဖြစ်တ BeIN Sports သတင်းဌာန မှာ ဘောလုံးသုံးသပ်သူအဖြစ်ဆောင်ရွတ် နေတာဖြစ်ပါတယ်။ 

မနေ့က BeIN Sports သတင်းဌာနနဲ့ အင်တာဗျူးမှာ " ကျနော် နည်းပြဘဝကို မြတ်နိုးပါတယ်။ ကျနော်ဟာ ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်နဲ့ ထိုက်တန်သူပါ။ ပြီးတော့ ထိပ်တန်းအဆင့်မှာပဲ ကျနော်ရှိနေမှာပါ " လို့ အာရှဖလားပြိုင်ပွဲမှာ ဘောလုံးဝေဖန်သုံးသပ်သူတာဝန် ထမ်းဆောင်နေတဲ့ မော်ရင်ညိုက ပြောပါတယ်။

" ကျနော်အသက်က ငယ်ပါသေးတယ်။ ဘောလုံးလောကမှာ ကျင်လည်ခဲ့တာ တော်တော်ကြာပြီဆိုပေမယ့် အသက် ၅၆နှစ်ပြည့်ဖို့တောင် နှစ်ပတ်လောက်လိုပါသေးတယ်။ တကယ်ကို ငယ်ပါသေးတယ် " လို့လည်း နည်းပြဘဝကနေ အနားယူတော့မှာမဟုတ်ကြောင်း မော်ရင်ညိုက ပြောပါတယ်။

မနှစ်ကရာသီ မန်စီးတီးရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ခြင်းကလည်း နည်းပြဘဝ ဂုဏ်အယူရဆုံး အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ မော်ရင်ညိုက ပြောပါတယ်။ ဆုဖလား ၂၅လုံးအထိ ရရှိထားတဲ့ သူလိုလူ တစ်ယောက်က ဒီလိုစကားမျိုးပြောတာ ထူးဆန်းကောင်း ထူးဆန်းနေနိုင်ပေမယ့် ပရိသတ်တွေမသိတဲ့ နောက်ကွယ်က အခြေအနေတွေကြောင့် ဒီလိုစကားမျိုး ပြောရတာပါလို့လည်း မော်ရင်ညိုက ရှင်းပြပါတယ်။

မော်ရင်ညိုဟာ BeIN Sports ရုပ်သံလှိုင်းအတွက် ကာတာ-ဆော်ဒီ အာရှဖလားပွဲ၊ အာဆင်နယ်-ချဲလ်ဆီးပွဲတို့ကို ဝေဖန်သုံးသပ်ပေးမှာဖြစ်ပြီး ပေါင်တစ်သိန်းကျော် လုပ်အားခရမယ်လို့ သိရပါတယ်။



Follow us on