ကြီးကျယ်မြင့်မြတ်တဲ့ လူတွေဟာထူးဆန်းတဲ့နောက်ခံဇာတ်ကြောင်းရှိကြတယ်ဆို သလိုပါပဲ။ လက်ရှိမှာ နာမည်ကြီးနေတဲ့ ဟောလိဝုဒ်အနုပညာရှင်တွေမှာ ထူးဆန်းတဲ့ ဘဝဇာတ်ကြောင်းတွေရှိခဲ့ပါတယ်။
ပြောပြရင်တော့ မယုံနိုင်စရာကောင်းပေမယ့် ဒီအနုပညာရှင်တွေဟာ ဆယ်ကျော်သက်အရွယ်မှာ ကျောင်းမှထုတ်ပယ်ခံခဲ့ရပြီး အထက်တန်းတောင်မအောင်ခဲ့ကြပါဘူး။ အနုပညာမှာတော့ သူများတွေထက်တော်ပြီး သာလွန်နေကြပေမဲ့ ပညာရေးပိုင်းမှာတော့ အားနည်းခဲ့ကြပါတယ်။ ကဲ…. ဒီလူတွေက ဘယ်သူတွေဖြစ်မလဲဆိုတာကြည့်လိုက်ကြရအောင်…..
Katy Perry ဟာ အလယ်တန်းကျောင်းတုန်းက သစ်ပင်ကို Tom Cruise လို့မှတ်ယူပြီး လိင်ပိုင်းဆိုင်ရာထိပါးတဲ့ ပုံစံမျိုးတွေလုပ်ခဲ့တာကြောင့် ကျောင်းထုတ်ခံခဲ့ရတယ်လို့ သူတက်ရောက်ခဲ့တဲ့ ခရစ်ယာန်ကျောင်းက ကိုယ်ရေးအကျဉ်းမှာ ဖော်ပြခံခဲ့ရပါတယ်။
La La Land ရဲ့ ဇာတ်လိုက်မင်းသား Ryan Gosling ကတော့ ရမ်ဘိုဇာတ်ကားထဲက ရမ်ဘိုမင်းသားဇာတ်ရုပ်ကို ငယ်စဉ်ကအရူးအမူးကြိုက်နှစ်သက်မိတာကြောင့် ကျောင်းမှာ ခုန်ပျံကျော်လွှားပြီးဆူပူသောင်းကျန်းမှုတွေပြုလုပ်လို့ ကျောင်းထုတ်ခံခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ တစ်ခါတရံမှာလဲ ကျောင်းကို ဓားတွေယူယူလာတတ်တာကြောင့် ကျောင်းသားအချင်းချင်းတောင်သူ့ကို ကြောက်နေကြတယ်လို့ ပြောထားပါတယ်။
Miley Cyrus ကတော့ သူမတက်ခဲ့တဲ့ ခရစ်ယာန်စာသင်ကြောင်းမှာ တစ်ဖက်သတ်ကြိုက်ရတဲ့ ကောင်လေးကိုနမ်းဖို့ကြိုးစားခဲ့ရာက ကျောင်းထုတ်ခံခဲ့ရတယ်လို့ ဖွင့်ပြောထားပါတယ်။
Lily Allen ကတော့ ကျောင်းတက်နေစဉ်အတောအတွင်း အရက်သောက်၊ ဆေးလိပ်သောက်တာ မိသွားတာကြောင့် ကျောင်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီထက်ပိုအပြစ်ကြီးတာက ငယ်ရွယ်လွန်းတဲ့အရွယ်မှာ ယောင်္ကျားလေးတွေနဲ့ လိုတာထက်ပိုပြီး ပရောပရည်ပြုမူတာကြောင့် ကျောင်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
သူ့ပုံစံနဲ့ လူဆိုးစာရင်းဝင်ပြီးကျောင်းထုတ်ခံခဲ့တယ်လို့ပြောရင် အံ့သြကြမှာပေါ့နော်။ Twilight မင်းသားတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ Robert Pattinson ဟာ ကျောင်းတက်တုန်းက အပြာစာအုပ်တွေကို ခိုးဝယ်ပြီးကျောင်းမှာ ပြန်ရောင်းခဲ့လို့ ကျောင်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါကို Robert ကသူငယ်ငယ်က ကျောင်းထုတ်ခံခဲ့ရတာနဲ့ ပတ်သတ်ပြီး တီဗွီအစီအစဉ်တစ်ခုမှာ ဝန်ခံခဲ့တာဖြစ်ပါတယ်။