1. Home
  2. Boxing

WBA ချန်ပီယံဆု ကာကွယ်ပွဲမှာ မေဝယ်သာကို စိန်ခေါ်သွားခဲ့တဲ့ ပက်ကွီယို

Boxing ม.ค. 21, 2562 view 1,882

WBA ချန်ပီယံဆု ကာကွယ်ပွဲမှာ ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် ပက်ကွီအိုသည် ကမ္ဘာဝယ်တာဝိတ်တန်း ရွှေခါးပတ်ကာကွယ်ပွဲတွင် စိန်ခေါ်သူ ဘရိုနာကို ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့ပါတယ်။

ပွဲအပြီးမှာလဲ နာမည်ကျော် လက်ဝှေ့သမားကြီး မေဝယ်သာနဲ့ ပြန်လည်ထိုးသတ်ချင်ကြောင်း ထပ်မံ ပြောဆိုသွားခဲ့ ပါတယ်။ ပက်ကွီအိုသည် ထိုပွဲတွင် ဖျက်ဖျက်လက်လက် ထိုးသတ်နိုင်ဆဲဖြစ်ကြောင်း ပြသခဲ့ရာ ဖလွိုက်မေဝဲသာနှင့် တစ်ကျော့ပြန် မကျေပွဲနွှဲရန် ပရိသတ်များက မျှော်လင့်နေကြသည်။

ဒီပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့တဲ့အတွက် ပျော်ပါတယ်။ အသက် ၄၀ အရွယ် ရောက်တဲ့ အထိ အခုလို စွမ်းဆောင်ရည်တွေ ဖန်တီးပေးထားတဲ့ အတွက် ဘုရားသခင်ကိုလဲ ကျေးဇူး တင်ပါတယ်။ ပက်ကွီယိုဟာ ဒီအရွယ်ထိ လက်ရည်မကျသေးဘူးဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ” လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

ပက်ကွီအိုသည် အသက် ၄၀နှစ် ရှိပြီဖြစ်ပြီး ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်အဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။

 

 

 



Follow us on