1. Home
  2. Movie Stars - Celebrity

ရုပ်ချောလွန်းလို့ အွန်လိုင်းမှာနာမည်ကြီးနေတဲ့အသက် (၈)နှစ်အရွယ် မိန်းကလေး

Movie Stars - Celebrity ม.ค. 21, 2562 view 1,839

တောင်ကိုးရီးယားနိုင်ငံဟာဆိုရင် မင်းသား၊ မင်းသမီး ၊ အဆိုတော် အစရှိတဲ့ အချောအလှတွေပေါများတဲ့အတွက် ကမ္ဘာကျော်လာတာမဟုတ်ပါလား။



တောင်ကိုးရီးယားနိုင်ငံမှာ ရုပ်ချောသူတွေပေါများလို့ ရုပ်မချောကြည့်မကောင်းသူများဟာဆိုရင် အလိုလိုနေရင်း အနိုင်ကျင့် ရှုံ့ချတာမျိုးတွေ ခံရလေ့ရှိကြပါတယ်။ ဒါကြောင့် ရုပ်ရည် လှပတဲ့လူတွေဟာ shaming ပြုလုပ်တာတွေကိုမခံနိုင်တဲ့အတွက် ပလစ်စတစ်ဆာဂျရီလို့ခေါ်တဲ့ မျက်နှာခွဲစိတ်ပြုပြင်ခြင်းမျိုးတွေပေါ်လာကြတာပါ။



တောင်ကိုးရီးယားမှာ မျက်နှာခွဲစိတ်ပြုပြင်သူတွေ ဆထက်တပိုးတိုးပွားလာပြီး ခွဲစိတ်ပြုပြင်ထားသူတွေကိုလဲ နှိမ်လေ့ရှိကြပါတယ်။ ဆာဂျရီလုပ်ထားသူတွေကိုနှိမ်လေ့ရှိသလို ဆာဂျရီမပြုလုပ်ပဲ သဘာဝအတိုင်းလှပတဲ့ လူတစ်စုကိုလဲ အဖိုးတန်သဖွယ် တန်ဖိုးထားအလေးထားဆက်ဆံကြပါတယ်။

 


လက်တလောမှာဆိုရင် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မှာ နေထိုင်တဲ့ Lee Eun Chae ဆိုတဲ့ကလေးမလေးဟာ ကလေးဘဝကတည်းက ရုပ်ရည်ချောမောတာကြောင့်လူထု ပရိတ်သတ်အကြား နာမည်ကြီးကျော်ကြားလာခဲ့ပါတယ်။

 


ရုပ်ချောလှတဲ့ အွန်ချေးဟာ ၂၀၁၁ ခုနှစ်ဖွားဖြစ်ပြီး အခုမှ အသက် (၈) နှစ်၊ ကိုးရီးယားလို (၉) နှစ်ပဲရှိပါသေးတယ်။ သူမငယ်စဉ်ကတည်းက သူမရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို အဖေနဲ့ အမေက instagram အကောင့်များမှာ ကိုယ်စီတင်ခဲ့ကြတာကြောင့် နာမည်ကြီးကျော်ကြားလာတာဖြစ်ပါတယ်။


အဖေ၊ အမေတို့ရဲ့ ကျေးဇူးကြောင့် သူမဟာလူသိများလာပြီး ကလေးပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီများက အွန်ချေးကို မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။ လက်ရှိမှာတော့ အသက် (၉) နှစ်အရွယ်မော်ဒယ်အနေနဲ့ ရပ်တည်နေပြီး ကလေးသရုပ်ဆောင်အဖြစ်လဲဆက်လက်ရပ်တည်လျက်ရှိပါတယ်။ အွန်ချေးလေးက အမှန်တကယ်ချောပြီး ချစ်စရာကောင်းရဲ့လားဆိုတဲ့ သူ့ရဲ့ ဗွီဒီယိုဖိုင်ကို ကြည့်ပြီး ဆုံးဖြတ်ပေးလိုက်ကြပါဦးပရိတ်သတ်ကြီးရေ။



 



Follow us on