1. Home
  2. Movie Stars - Celebrity

တည်ငြိမ်အေးချမ်းတဲ့ အလှတရားနဲ့ ရိုက်ကူးထားတဲ့ Irene ရဲ့ဆိုဂျူကြော်ငြာ

Movie Stars - Celebrity ม.ค. 21, 2562 view 1,750

တောင်ကိုးရီးယားနိုင်ငံ Red Velvet အဖွဲ့မှ အဖွဲ့ခေါင်းဆောင် Irene Bae ဟာ သူမရဲ့ သူမတူတဲ့ အလှတရားတွေကြောင့် လူချစ်လူခင်ပေါများသူတစ်ယောက်ပါ။


အသက် (၂၇) နှစ်ရှိပြီဖြစ်တဲ့ Irene ဟာ (၁၆) အရွယ်သမီးပျိုလေးလိုပဲ ငယ်ရွယ်နုပျိုတဲ့ပုံပေါက်နေတုန်းပါပဲ။ သူမရဲ့ အလှတရားကို မြင်တဲ့သူတိုင်း သူမကိုချစ်ခင်ကြပါတယ်။


ရုပ်ချောတဲ့ Irene ရဲ့ထူးခြားတဲ့အချက်တစ်ချက်ကတော့ ယောင်္ကျားတွေကို ကြည့်မရခြင်းပါပဲ။ သူမအနားယောင်္ကျားလေးတွေရောက်လာရင် အလိုလိုနေရင်း ဖယ်ခွာတတ်ပြီး မိန်းကလေးတွေနဲ့ဆိုရင်တော့အမြဲ ပြုံးရွှင်နေလေ့ရှိပါတယ်။ ဒါကြောင့် Irene ကိုမိန်းမချင်းကြိုက်နှစ်သက်သူ(lesbian) များလားဆိုပြီး ဝေဖန်ပြောဆိုတာတွေတောင်ရှိခဲ့ပါတယ်။


လက်ရှိအချိန်မှာ တောင်ကိုးရီးယားမှာ ဆောင်းတွင်းချိန်ခါ အရမ်းအေးတဲ့ကာလမို့လို့ ပြည်သူတွေဟာ ဆိုဂျူ(သို့) ဘီယာကိုအချမ်းပြေစေဖို့မဖြစ်မနေသောက်ကြရပါတယ်။ အချမ်းဓာတ်လျော့ပြီး ခန္ဓာကိုယ်တွင်းနွေးထွေးစေဖို့ငရုတ်သီးလဲစားကြရပါတယ်။ တောင်ကိုးရီးယားမှာဆိုရင် ချမ်းလွန်းတာကြောင့် ကလေးအရွယ်ကတည်းက ဆိုဂျူသောက်တတ်ကြပြီး ငရုတ်သီးကိုလဲ သာမန်ထက်ပိုစားနိုင်ကြပါတယ်။


ဒီလို ဆောင်းတွင်းချိန်ခါ ဆိုဂျူတွေအရောင်းတက်နေတဲ့ကာလမှာ “Chamisul” အမည်ရှိတဲ့ ဆိုဂျူက Irene ကိုမော်ဒယ်အဖြစ်ငှားပြီး ကြော်ငြာဗွီဒီယိုတစ်ခု ထွက်ရှိလာပါတယ်။ Chamisul ဟာ နာမည်ကြီးဆိုဂျူအမှတ်တံဆိပ်ဖြစ်ပြီး အရင်က ဒီတံဆိပ်ကို အဆိုတော် IU ကကြေငြာခဲ့တာဖြစ်ပါတယ်။


လက်ရှိမှာ IU က ‘Chamisul’ ကနေ မော်ဒယ်အဖြစ်နှုတ်ထွက်သွားတဲ့အတွက် Irene က Chamisul ရဲ့ပင်တိုင်မော်ဒယ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အားလုံးပဲ Irene ရဲ့ ချောမောလှပတဲ့ အလှတရားနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဆိုဂျူကြော်ငြာလေးကိုကြည့်ရှုခံစားကြည့်ကြပါဦး။

 


 

 



Follow us on