1. Home
  2. Special or Others

ဝိတ်ချရာမှ နည်းလမ်းမှားပြီး အလေးချိန် ၇၈၄ ပေါင်ရှိတဲ့ အဝဆုံးအမျိုးသမီးဖြစ်လာသူ

Special or Others ม.ค. 21, 2562 view 1,897
အသက် ၃၇ နှစ်အရွယ် “တီတီဝတီ” ဆိုသူ အမျိုးသမီးဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အဝဆုံး အမျိုးသမီးတစ်ဦးဖြစ်ပြီး ကိုယ်အလေးချိန် ၇၄၈ ပေါင် ရှိပါတယ်။ သူမဟာ ကလေးတစ်ယောက်ရှိတဲ့ အိမ်ထောင်သည် မိခင်လည်းဖြစ်ပြီး ယခင်က ၉၈ ပေါင် လောက်သာ ကိုယ်အလေးချိန်ရှိခဲ့ပါတယ်။ အခုတော့ သူကိုယ်သူပင်မသယ်နိုင်တော့ပဲ ကြမ်းပြင်မှာ ပုံရက်သားအနေအထားနဲ့ ဘယ်မှလည်း မရွေ့နိုင်ပဲ သမီးရဲ့  အကူအညီနဲ့ နေထိုင်နေရပါတယ်။
 
 
အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ “ဟာလီနာ” က မိခင်ဖြစ်သူကို အနားမှာနေပြီး အစစအရာရာ ကူညီပေးနေရပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ သူ့မိခင်ကို ကူညီပေးရန် ကြိုးပမ်းဆောင်ရွက်နေပါတယ်။
 
“တီတီ” ရဲ့ ပြောကြားချက်အရ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က သူမရဲ့ ကိုယ်အလေးချိန်ဟာ ၉၈ ပေါင် ခန့်သာရှိခဲ့ပြီး ကိုယ်အလေးချိန်ချရန် အစီစဉ်ဖြင့် အကြော်များ (မုန့်ကြော်၊ ကစွန်းဥကြော်၊ ငှက်ပျောသီးကြော်၊ အသီးအရွက်ကြော် စသည်)တို့ကိုသာ ထမင်းစားသလို တစ်နေ့ ၃ကြိမ် စားခဲ့ပြီး ကိုကာကိုလာတို့ကို သောက်ခဲ့ရာမှ ယခုလို အလေးချိန် တိုးလာခဲ့ခြင်းဖြစ်သည်။
 
 
၂၀၁၃ ခုနှစ် သူမ အသက် ၂၉ နှစ်အရွယ်မှာ ပေါင် ၂၈၀ ရုတ်ချဉ်းတက်လာခဲ့တဲ့အတွက် ထိတ်လန့်သွားခဲ့ပါတယ်။ ဝမှာစိုးရိမ်ပြီး ဝိတ်လျော့ခဲ့တဲ့သူဟာ ၆ နှစ်လောက်အကြာမှာတော့ သူမရဲ့ဗိုက်ပြင်ပေါ်မှာတောင် ပြန်လဲလျောင်းအိပ်ရတဲ့ထိ အစာအိမ်ကြီးမားလာခဲ့ပါတယ်။ သူမအိပ်ပျော်နေတဲ့အခါတိုင်း အသက်ရှူရပ်သလို ခံစားရတာကြောင့် လန့်နိုးတတ်ပြီး အိပ်ယာက ထဖို့ ကြိုးစားတဲ့အခါ မထနိုင်တော့တာမျိုး ဖြစ်လာခဲ့ပါတယ်။ 
 
လက်ရှိသူမခံစားနေရတဲ့ ကိုယ်အလေးချိန်ပြဿနာကို အစိုးရအနေနဲ့ ကူညီဖြေရှင်းပေစေလိုကြောင်း၊ ယခင်နှစ်တွေကလည်း အလေးချိန်လျော့ကျစေနိုင်တဲ့ နည်းလမ်းပေါင်းစုံကို စမ်းကြည့်ပြီးဖြစ်ပါတယ်။ အဲဒီနည်းလမ်းတွေထဲက ဆေးမြစ်ရည်သောက်တဲ့ နည်းလမ်းက အစပိုင်းမှာ ဝိတ်ကျသလို ဖြစ်ခဲ့ပေမယ့် ဆေးက ဈေးကြီးတာကြောင့် ဆက်မသောက်နိုင်ခဲ့ပါဘူး။
 
 
သူမရဲ့ ခင်းပွန်း လစာဟာ အိမ်ငှားခနဲ့ သမီးကျောင်းစရိတ်အတွက် ကွက်တိဖြစ်နေတာကြောင့် ဆေးဝယ်သောက်ဖို့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းတွေကို သမီးဖြစ်သူက အများသိအောင် ဖွင့်ချလိုက်တဲ့အခါမှာတော့ မြို့တော်ကျန်းမာရေးဌါနက လာရောက်ကြည့်ရှုပြီး ပူးပေါင်းကူညီမယ်လို့ ပြောကြားခဲ့ပါတယ်။ 
 
“တီတီ” ကို ဆေးကုသရန်အတွက် အိမ်အပြင်သယ်ထုတ်တဲ့ နေရာမှာ ဝန်ချီစက်နဲ့ မ ဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရှိရသည်။
 


Follow us on