1. Home
  2. Movie Stars - Celebrity

BTS သီချင်းခေါင်းစဉ်တွေနဲ့ ဖျော်ရည်ဘူးပုံစံအသစ်ထွက်ရှိမယ့် Coca Cola

Movie Stars - Celebrity ม.ค. 21, 2562 view 1,642

တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးလူငယ်အမျိုးသားအဆိုတော်အဖွဲ့ BTS ဟာဆိုရင် ဟောလိဝုဒ် အထိပါအောင်မြင်ကျော်ကြားတဲ့ band တစ်ခုဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ၂၀၁၈ ဧပြီလမှာ BTS ဟာ ကမ္ဘာကျော် Coca Cola Brand ရဲ့ မော်ဒယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး မင်းသား Park Bogum နဲ့အတူ ကြော်ငြာရိုက်ကူးခဲ့ပါတယ်။


BTS ရဲ့အောင်မြင်ကျော်ကြားမှုဟာ အရှေ့အာရှနိုင်ငံတွေသာမက၊ အနောက် ဥရောပ နိုင်ငံတွေမှာပါ တစ်နေ့ထက်တစ်နေ့ ဆထက်တစ်ပိုး အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။


ဒီတစ်ခါမှာတော့ BTS ကိုရော Coca Cola ကိုရောချစ်မြတ်နိုးတဲ့ ပရိတ်သတ်တွေအတွက် Cola Company က Campaign လေးတစ်ခုကိုပြုလုပ်ပေးလိုက်ပါတယ်။ အသစ်ထွက်ရှိမယ့် Coca Cola ဘူးခွံများမှာ BTS သီချင်းခေါင်းစဉ်တစ်ခုစီနဲ့ အဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတစ်ပုံစီ ပါရှိမှာဖြစ်ပါတယ်။


“BTS ကိုချစ်တဲ့သူတွေအတွက် Coca Cola ကရည်ရွယ်ပြီးထုတ်ထားတာပါ” လို့ Cola Company ကပြောထားပါတယ်။ ဒီရက်ပိုင်းတွေမှာ BTS ဟာ Pop လောကမှာ လွမ်းမိုးနိုင်စွမ်း အများဆုံးလို့ ထင်မိတာကြောင့် BTS ကိုရွေးချယ်ခဲ့တာဖြစ်ပြီး BTS ကိုကြိုက်နှစ်သက်သူတွေအတွက်လဲ အကောင်းဆုံးဖြစ်စေမှာပါ လို့ Coca Cola က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပြီးတော့ BTS ပုံပါတဲ့ ဖျော်ရည်ဘူးတွေက limited edition နဲ့ထုတ်မှာပါတဲ့နော်။



အားလုံးပဲ Coca Cola ထွက်တဲ့ BTS သီချင်းခေါင်းစဉ်လေးတွေနဲ့ ဖျော်ရည်ဘူးလေးတွေကို အားပေးကြမယ် မဟုတ်လား? BTS ကိုရော Coca Cola ကိုပါ ကြိုက်တယ်ဆိုရင် Like & Share လုပ်ဖို့လဲမမေ့ကြနဲ့ဦးနော်။



Follow us on