1. Home
  2. Movie Stars - Celebrity

နှစ်သစ်မှာ အချစ်သစ်ရရှိသွားပြီဖြစ်တဲ့ ဘရက်ပစ်

Movie Stars - Celebrity ม.ค. 22, 2562 view 1,747

၂၀၁၉ ရဲ့ နှစ်အစပိုင်းမှာပဲ ဟောလိဝုဒ်ရဲ့ စုံတွဲအသစ်တစ်တွဲ ပေါ်လာပါပြီ။ ဟောလိဝုဒ်ရဲ့ တော့ပ်စတား ဘရက်ပစ်ဟာဆိုရင် တစ်ချိန်က ဇနီးဟောင်း အင်န်ဂျလီနာဂျိုလီ နဲ့ လူတကာအားကျရတဲ့စုံတွဲတစ်တွဲဖြစ်ခဲ့တယ် မဟုတ်ပါလား။


လက်ရှိမှာတော့ သူတို့နှစ်ယောက်ဟာကွာရှင်းပြီး ကလေးတွေကိုလဲ ခွဲယူခဲ့ကြပါတယ်။ သားအကြီး ၂ ယောက်ကို ဘရက်ပစ်က ခေါ်ဆောင်ခွင့်ရရှိခဲ့ပြီး ကျန်တဲ့ ကလေး (၄) ယောက်ကို ဂျိုလီကခေါ်ယူစောင့်ရှောက်ခွင့်ရရှိခဲ့ပါတယ်။


အခုလက်ရှိမှာတော့ အသက် (၅၅) နှစ်ရှိပြီဖြစ်တဲ့ ဘရက်ပစ်ဟာရည်းစားအသစ် ရရှိသွားပြီဖြစ်ကြောင်း People Magazine ကနေ ပရိတ်သတ်ကို အသိပေးကြေငြာခဲ့ပါ တယ်။ ဘရက်ပစ်ဟာ လက်ရှိမှာ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Charlize Theron နဲ့ တွဲနေတာဖြစ်ပြီး သူတို့နှစ်ယောက် တွဲခုတ်နေခဲ့တာ အချိန်(၆) လကြာမြှင့်ခဲ့ပြီလို့သိရပါတယ်။


ပစ်ဟာ Charlize Theron ၊ Adam Driver တို့နဲ့ Breitling ဆိုတဲ့နာရီကြော်ငြာတစ်ခုရိုက်ကူးခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ အဆိုပါ ကြော်ငြာရိုက်ကူးရာကပဲ စတင်ခဲ့တာဖြစ်တယ်လို့ People မှာဖော်ပြထားပါတယ်။


ဘရက်ပစ်နဲ့ Charlize တို့ဟာ ခရစ်စမတ်မှာလဲ အတူရှိနေခဲ့ပြီး Charlize ဟာ သူမရဲ့ ခင်ပွန်းဟောင်းနဲ့ ပစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက် တွဲနေတယ်ဆိုတာ ပြင်ပကို အသိမပေးခင်မှာ Charlize ရဲ့ ခင်ပွန်းဟောင်းကိုအသိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ခရစ်စမတ်နေ့မှာလဲ လော့စ်အိန်ဂျလိစ်မှာ ရှိတဲ့ Chateau Marmont ဟိုတယ်မှာ အေးဆေး စွာ ဒိတ်ခဲ့ကြတာဖြစ်ပါတယ်။


သူတို့ နှစ်ယောက်တစ်ယောက်ကို တစ်ယောက် ချစ်ကြည်နူးစွာကြည့်နေကြပြီး ဘရက်ပစ်ကလဲ ပျော်ရွှင်နေပုံပေါက်တယ်လို့ ပါပါရာဇီတွေကပြောထားပါတယ်။



Charlize ကလဲ ခင်ပွန်းဟောင်းဖြစ်သူ Sean Penn နဲ့ ကလေးနှစ်ယောက်ရရှိခဲ့ပြီးကွာရှင်းခဲ့တာဖြစ်ပါတယ်။ ပစ်ကလဲ ဂျိုလီနဲ့ ကလေး စုစုပေါင်း (၆) ယောက်ရှိပြီး ကလေး (၃)ယောက်သာ သားသမီးအရင်းဖြစ်ပါတယ်။ လောလောဆယ်တော့ ပစ်ဆီမှာ သားအကြီး နှစ်ယောက်က ရောက်ရှိနေပြီး သူတို့နှစ်ယောက်ရဲ့ ရှေ့ရေးဟာ ဘယ်လိုတွေဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာပါပဲ။



Follow us on