1. Home
  2. Football

နောက်ဆုံးရ ဇန်နဝါရီ အပြောင်းအရွှေ့  သတင်းများ

Football ม.ค. 22, 2562 view 1,511

ဖူဟမ်အသင်းဟာ ချလ်ဆီးနောက်ခံလူ ဂယ်ရီကားဟေးလ် ကိုခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။အသက် ၃၃ နှစ်အရွယ် ကားဟေးလ် ဟာ နည်းပြ ဆာရီ၏ လက်အောက်မှာ နေရာရရှိဖို့ ရုံးကန်နေရတာကြောင့် ဖူဟမ်းအသင်းကို ပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့သိရပါတယ်။

နည်းပြလမ်းပတ်၏ ချန်ပီယံရှစ်ကလပ် ဒါဘီသည် အက်ရှ်လေကိုး (၃၈နှစ်) ကို ရာသီဝက်စာချုပ်ဖြင့် ခေါ်ယူလိုက်တယ် လိုသိရပါတယ်။အင်္ဂလန်အတွက် ၁၀၇ပွဲ ကစားပေးခဲ့သော ဘယ်နောက်ခံလူ အက်ရှ်လေကိုးနှင့် လမ်းပတ်တို့သည် ချဲလ်ဆီးအသင်းတွင် အတူတူကစားခဲ့သူများဖြစ်ပါတယ်။

လမ်းပတ်၏ ဒါဘီအသင်းသည် အဆင့်ခြောက်နေရာတွင် ရပ်တည်နေပြီး ပရီးမီးယားလိဂ်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးများ ရှိနေတဲ့ အသင်း တစ်သင်းလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ဂျီနိုအာ ကြယ်ပွင့် ပီယာတက်ကို ခေါ်ယူဖို့ ယူရို ၃၅ သန်းနဲ့ သဘောတူညီမှုရခဲ့တယ်လို့သိရပါတယ်။ချလ်ဆီးကို ပြောင်းရွှေ့ သွားတဲ့ ဟီဂူအင် နေရာမှာ အစားထိုဖို့အတွက် ပီယာတက် ကို ၄ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူမယ်လို့်လည်းသိရသည်။

ချလ်ဆီးအသင်း တိုက်စစ်မှူး မိုရာတာ ဟာ အက်သလတ်တီကို အသင်းသို့ ၆ လအငှား သွားရောက်ကစားဖို ရှိတယ်လို့ သိရပါတယ်။ အငှားကာလ ပြီးဆုံးပါက နွေရာသီမှာ မိုရာတာ ကို ယူရို ၄၈.၅ သန်းနဲ့ ခေါ်ယူမယ်လို့သိရပါတယ်။

 



Follow us on