1. Home
  2. Movie Stars - Celebrity

BTS Jungkook ပြောလိုက်တဲ့ အဝတ်လျှော်ဆပ်ပြာရည်ချက်ချင်း sold out ဖြစ်သွား

Movie Stars - Celebrity ม.ค. 22, 2562 view 1,774

BTS အဖွဲ့မှ အငယ်ဆုံးအဖွဲ့ဝင် Jungkook ဟာ အငယ်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ညီအောင် ချစ်စရာကောင်းတယ်မဟုတ်ပါလား။ ချစ်စရာကောင်းရုံသာမက vocal ၊ dance ၊ rap အစရှိတဲ့ အရာတွေမှာ ထူးချွန်လှတာကြောင့် အောင်မြင်ကျော်ကြားလာသူတစ်ယောက်ပါ။


အငယ်ဆုံးပေမဲ့ အရမ်းကို ယောင်္ကျားပီသပြီး handsome ဖြစ်အောင်ပြင်ဆင်နေထိုင်တတ်တဲ့ Jungkook လေးဟာ တစ်ခါတစ်ရံကျရင်လဲ ငပေါအစ်ကိုတွေရဲ့ အနိုင်ကျင့်တာကိုလဲခံရပါသေးတယ်။

 


အမြဲတစေ အစ်ကိုတွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်သလို ဖန်တွေရဲ့ အသဲကျော်လေး kook kook ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက Vlive မှာထုတ်လွှင့်ခဲ့တဲ့ အပိုင်းမှာ အဝတ်လျှော်တဲ့ကိစ္စနဲ့ စပ်လျဉ်းပြီး လက်တလော Downy အမှတ်တံဆိပ်က ထုတ်လုပ်တဲ့ Downy Adorable အဝတ်လျှော်ဆပ်ပြာရည်ကို အကြိုက်တွေ့နေတယ်လို့ပြောခဲ့ပါတယ်။


Jung Kook တစ်ယောက်ထိုကဲ့သို့ mention  လိုက်တာနဲ့ ဆိုးလ်မှာရှိတဲ့ စတိုးဆိုင်တွေမှာ Downy Adorable တွေအကုန် ရောင်းကုန်သွားခဲ့ပါတယ်။ Jungkook ကိုချစ်တဲ့ ပရိတ်သတ်တွေက ချက်ချင်း ဝယ်ခဲ့ကြတာပါ။ Army တွေရဲ့ ဒီလိုချစ်စဖွယ်ကောင်းတဲ့ အပြုအမူကြောင့် Jungkook က Bangtan ရဲ့ Twitter စာမျက်နှာမှာ ဒီလို tweet ခဲ့ပါတယ်။


“Army တို့ ကျွန်တော်အခု အဝတ်လျှော်ဖို့ဆပ်ပြာရည်ကုန်သွားပြီ၊ ဆပ်ပြာရည်သွားဝယ်တော့ အကုန်ရောင်းကုန်သွားပြီတဲ့” ဆိုပြီး tweet ခဲ့တာပါ။

ဖန်တွေကလဲ Jungkook ကြောင့် downy က ကုန်ပစ္စည်းတွေရောင်းကုန်သွားတာဖြစ်တဲ့အတွက် Jungkook က downy ရဲ့မော်ဒယ်ဖြစ်သင့်ကြောင်း Jungkook ပုံကို အဝတ်လျှော်ဆပ်ပြာရည်ပုံတွေနဲ့ ဖိုတိုရှော့လုပ်ပြီး twitter မှာစနောက်ခဲ့ကြပါတယ်။


 



Follow us on