1. Home
  2. Special or Others

ရက် ၂၀ သားကလေးကို မိဘများဆန္ဒအရ အရှင်လတ်လတ် မြေမြုတ်သင်္ဂြိုလ်

Special or Others ม.ค. 22, 2562 view 1,635
အိန္ဒိယနိုင်ငံ မြောက်ပိုင်း အတ္တာပရာဒရှ်ပြည်နယ်တွင် လမ်းသွားလမ်းလာတစ်ဦးက ကလေးငိုသံ သဲ့သဲ့ကြားရပြီး ပတ်ဝန်ကျင်မှာ ဘာမှမတွေ့ရတဲ့အတွက် စေ့စေ့စပ်စပ်လိုက်ရှာခဲ့ရာ ကလေးငိုသံမှာ မြေကြီးထဲမှလာကြောင်း သတိထားမိခဲ့ပြီး တူးဖော်ခဲ့ရာ မွေးပြီးကာစ ရက် ၂၀ သာရှိသေးသည့် မိန်းကလေးတစ်ဦးကို အရှင်လတ်လတ် မြေမြုတ်သင်္ဂြိုလ်ထားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
 
 
ကလေးငယ်ကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပြီး ရဲစခန်းကို သတင်းပေးတိုင်ကြားခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မိဘရင်းနဲ့ ဆွေမျိုးများကိုယ်တိုင် ကလေးကို အရှင်လတ်လတ် မြေမြုတ်သင်္ဂြိုလ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
 
 
ပြီးခဲ့တဲ့ သောကြာနေ့က အလွန်အေးနေပြီး အပူချိန် ၃ ဒီဂရီစင်တီဂရိတ်သာရှိသော အခြေအနေတွင် နံနက် ၇ နာရီခွဲအချိန်ခန့်က ဒမန်ဒရာကူးမား ဆိုသူက ကလေးကို မြေကျင်းထဲမှ ပြန်လည်တူးဖော် တွေ့ခဲ့ခြင်းဖြစ်သည်။ ရဲများ၏ စုံစမ်းမှုအရ ကလေး၏ ဖခင် အသက် ၃၀ နှင့် မိခင် ၂၈ နှစ်တို့နဲ့အတူ အမျိုးတော်စပ်သူ ၂ ဦးနဲ့ နတ်ဆရာတို့ ပါဝင်ပက်သက်ကြောင်း ပေါ်ပေါက်ခဲ့သည်။
 
 
နတ်ဆရာက ကလေးတွင် မကောင်းဆိုးရွား ပူးကပ်နေပြီး မိသားစုဘဝတစ်လျှောက်လုံး ပျက်ဆီးလိမ့်မည်ဟု ဆိုသဖြင့် မိဘနှစ်ပါးက ကလေး၏ အဒေါ်တော်စပ်သူနဲ့ ယောက်ျားတို့ကို မြေမြုတ်သင်္ဂြိုလ်ရန် ခိုင်းစေခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့သည်။ 
 
 
လက်ရှိမှာ ကလေး၏ ဖခင်၊ နတ်ဆရာ၊ အဒေါ်နဲ့ သူမ၏ ခင်ပွန်းတို့အား ဖမ်းဆီးရမိထားပြီး မိခင်ဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း သိရှိရသည်။ ကလေးအား ဆေးကုသပြုစုစောင့်ရှောက်မှု ပေးထားပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ်လာပြီဖြစ်ကြောင်း သိရှိရသည်။ ကလေးအား ဆေးကုသပြုစုစောင့်ရှောက်မှု ပေးထားပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ်လာပြီဖြစ်ကြောင်း သိရှိရသည်။
 


Follow us on