1. Home
  2. Movie Stars - Celebrity

အရှုပ်အရှင်းပြဿနာတွေရှင်းပြီးတဲ့နောက် သီချင်းအသစ်ထွက်ရှိတော့မယ့် ပတ်ယူချန်း

Movie Stars - Celebrity ม.ค. 22, 2562 view 1,632

‘ဆောင်ကျန်ကွမ် အရှုပ်တော်ပုံ’ ၊ ‘Rooftop Prince’ ၊ ‘Missing you (ငါ့အသည်းကို မကစားနဲ့)’ ၊ ‘Sensory Couple’ အစရှိတဲ့ ဇာတ်လမ်းတွဲများနဲ့ လူသိများလာတဲ့ အဆိုတော် သရုပ်ဆောင် မစ်ကီယူချန်းဟာ ၂၀၁၉ ခုနှစ် နှစ်တစ်ဝက်မကုန်ခင် တစ်ကိုယ်တော်အယ်လ်ဘမ်အသစ်ထွက်ရှိတော့မှာဖြစ်ပါတယ်။

ယူချန်းတစ်ယောက် 2016 မှာတုန်းက မိန်းကလေးငယ်တစ်ယောက်ကို ကလပ်မှာ မုဒိန်းကျင့်တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရပါတယ်။ နောက်ပိုင်း ယူချန်းဟာ အဆိုပါမိန်းကလေးတစ်ယောက်တည်းသာမက နောက်ထပ် အမျိုးသမီးနှစ်ယောက်ကပါ သူမတို့နှစ်ဦးကို မစ်ကီယူချန်းက အလားတူ အပြုအမူမျိုး ကျူးလွန်ခဲ့တယ်လို့ တရားရုံးမှာစွဲချက်တင်ခဲ့ကြပါတယ်။


နောက်ပိုင်းမှာတော့ အမှုမှန်ပေါ်ပေါက်သွားခဲ့ပြီး မစ်ကီယူချန်းကို တရားစွဲဆိုခဲ့သူ အမျိုးသမီးကို ထောင်ဒဏ်(၂) နှစ်တိတိချမှတ်ခဲ့ပါတယ်။ သူမနဲ့အတူ အလိုတူအလိုပါ ဖြစ်တဲ့ သူမရဲ့အစ်ကိုဝမ်းကွဲကိုလဲ အပြစ်ဒဏ်ချမှတ်တဲ့အနေနဲ့ဖမ်းဆီးခဲ့ပါတယ်။


ဒီလို ပြဿနာတွေအများကြီးဖြစ်ပွားခဲ့ပြီး မစ်ကီယူချန်းတစ်ယောက် အနုပညာလောက ထဲကပျောက်ချင်းမလှပျောက်နေခဲ့တာကြာခဲ့ပါပြီ။ အခု ၂၀၁၉ မှာတော့ ယူချန်းတစ်ယောက် သီချင်း အယ်လ်ဘမ်နဲ့ ပြန်လာတော့မှာဆိုတော့ ယူချန်းကို ချစ်တဲ့ပရိတ်သတ်တွေအတွက် ဝမ်းသာစရာသတင်းကောင်းလေးပါပဲ။


ယူချန်းရဲ့ အေဂျင်စီက မီဒီယာတွေကို ယူချန်းရဲ့ အသစ်ထွက်ရှိမယ့် သီချင်းအသစ်နာမည်ကို မိတ်ဆက်ပေးခဲ့ပြီး နှစ်တစ်ဝက်မကျိုးခင် ထွက်ပေးမယ်လို့လဲ ထုတ်ပြန်ခဲ့ပါတယ်။ သီချင်းနာမည်ကတော့ ‘How much Love Do you have in your wallet’ ပါတဲ့။ ယူချန်းကိုချစ်တဲ့ ယူချန်းရဲ့ သီချင်းတွေကိုချစ်တဲ့ပရိတ်သတ်ကြီးရော ယူချန်းကို မျှော်လင့်စောင့်စားနေမယ်လို့ထင်ပါတယ်။ ယူချန်းကိုချစ်တယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့ကြနဲ့ဦးနော်။

ပိုပိုလေးအဖွဲ့သားများ



Follow us on