1. Home
  2. Football

ဥရောပ အသင်းကြီးတစ်သင်း၏ မိတ်ဖက်အသင်းအဖြစ် ကမ်းလှမ်ခြင်းခံခဲ့ရတဲ့ ရန်ကုန်ယူနိုက်တတ်

Football ม.ค. 22, 2562 view 1,575

ဘွန်ဒစ်လီဂါကလပ် ဝါဒါဖရီမင် အသင်းအမှုဆောင်အရာရှိချုပ် ကလော့စ်ဖီဘရီ  မိတ်ဖက်အသင်း အဖြစ်ပြုလုပ်ရန် ရန်ကုန်ယူနိုက်တတ်အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ ထံ e-mail ပေးပို့ ၍ ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။

အဆိုပါကမ်းလှမ်းမှုကို ရန်ကုန်ယူနိုက်တတ်အသင်းက စိတ်ဝင်စားမှုရှိကြောင့် နှစ်ဖက်အသင်း အတွေ့ အကြုံများ ဖလှယ်လိုကြောင်း မိတ်ဖက်ကမ်းလှမ်းမှုကိုလည်း လက်ခံကြောင်း အတည်ပြုပေးခဲ့ပါတယ်။

ဝါဒါဖရီမင်အသင်းကို ၁၈၉၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သောကြောင့် လက်ရှိအချိန်တွင် အသင်း၏သက် တမ်းမှာ နှစ်ပေါင်း ၁၂၀ ရှိပြီဖြစ်သည်။ ရန်ကုန်ယူနိုက်တတ်အသင်းကလည်း  ၂၀၀၉ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အခုဆို ၁၀ နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ်။

ဝါဒါဖရီမင်အသင်းသည် ယခုရာသီ ဘွန်ဒစ်လီဂါ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပွဲစဉ် (၁၈) အပြီးတွင် ခုနစ်ပွဲနိုင်၊ လေးပွဲသရေ၊ ခုနစ်ပွဲရှုံး၊ ၂၅ မှတ်ဖြင့် အဆင့် ၉ နေရာ ရပ်တည်နေသည်။

ဝါဒါဖရီမင်အသင်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် လေး ကြိမ်ဗိုလ်စွဲထားပြီး ဒုတိယဆု ခုနစ်ကြိမ်ရရှိ ထားသည်။ရန်ကုန်အသင်းကတော့ MNL မှာ ၅ ကြိမ်အထိ ဗိုလ်စွဲထားနိုင်ခဲ့ပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

အဆိုပါ အသင်းနှစ်သင်း ပူးပေါင်းဆောင်ရွတ်ပြီး အတွေ့ အကြုံများမှ မြန်မာလက်ရွှေးစင် အသင်းအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုမယ်လို့မျှော်လင့်ရပါတယ်။



Follow us on