ချစ်စရာ အသေးမလေး Ariana Grande ကိုတော့ လူတော်တော်များများသိမှာပါ။ သူမဟာ ဆံပင်ကိုဘယ်တော့မှမချပဲ မြှောက်ပြီးစီးထားတတ်တဲ့သူမရဲ့ Pony tail ကြောင့်ပဲ သူမကိုလူတွေကပိုချစ်ခင်နေရတာပါ။ Ariana တစ်ယောက် သူမရဲ့ Pony tail ကိုဒီလောက်အမြတ်တနိုးထားခဲ့ရာက သူမရည်းစား Pete Davidson နဲ့ လမ်းခွဲပြီး ဆံပင်အရှည်ကြီးကိုဖြတ်ပစ်ခဲ့ပါတယ်။
Selena Gomez ကတော့အားလုံးသိတဲ့အတိုင်းမကြာခင် လက်ထပ် မင်္ဂလာပွဲကျင်းပတော့မယ့် ဂျက်စတင်ဘီဘာနဲ့လမ်းခွဲပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။ Selena တစ်ယောက်လဲ JB နဲ့လမ်းခွဲပြီး သူမဆံပင်တွေကိုညှပ်ပစ်ခဲ့ပါတယ်။
ဟောလိဝုဒ်ရဲ့ အသဲကွဲဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ Taylor Swift ကတော့ သူမရဲ့ ရည်းစားဟောင်း Calvin Harris နဲ့လမ်းခွဲခဲ့ပြီး ဆံပင်အရောင်ပြောင်းခဲ့ပါတယ်။ လက်ရှိမှာတော့ Swift ဟာ ဗြိတိန်သရုပ်ဆောင် မင်းသား Joe Alwyn နဲ့ တွဲခုတ်နေတာဖြစ်ပါတယ်။
၂၀၁၈ ရဲ့ ဝင်ငွေအများဆုံးအမျိုးသမီးအဆိုတော် Katy Perry ကလဲ သူမရဲ့ချစ်သူ Orlando Bloom နဲ့လမ်းခွဲပြီး ဆံပင်တွေကို ယောင်္ကျားပုံစံ ညှပ်ပစ်ခဲ့ပါတယ်။ Katy ဟာ ဆံပင်အတိုနဲ့မှ သူမကိုယ်သူမ ယုံကြည်မှုပိုရှိလာတယ်လို့လဲပြောကြားထားပါတယ်။