1. Home
  2. Movie Stars - Celebrity

ဒေးဗစ်ဘက်ခမ်းနဲ့ ကွာရှင်းပြတ်စဲမယ်လို့သတင်းထွက်နေတဲ့အပေါ် တုံ့ပြန်လိုက်တဲ့ဗစ်တိုးရီးယားဘက်ခမ်း

Movie Stars - Celebrity ม.ค. 23, 2562 view 1,983

ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ တစ်ချိန်က Spice Girls အဆိုတော်အဖွဲ့မှ ဗစ်တိုးရီးယားတို့ဟာ လူတကာအားကျရတဲ့ စုံတွဲတစ်တွဲပဲမဟုတ်ပါလား။


ပြီးခဲ့တဲ့ လပိုင်းတွေက ဘက်ခမ်းတစ်ယောက် ခြေရှုပ်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီး လင်မယားကွာရှင်းတော့မယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဘက်ခမ်းတို့ စုံတွဲဟာအိမ်ထောင်သက် (၂၀) တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။

ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ပတ်သတ်ပြီး ဗစ်တိုးရီးယားက ဒီလိုတုံ့ပြန်လိုက်ပါတယ်။ “တခါတလေ တိတ်ဆိတ်နေခြင်းကလဲအကောင်းဆုံးဖြေရှင်းနည်းပဲ။ ဒီလိုလုပ်ကြံပြောဆိုနေကြတာကိုပဲ လူတွေကယုံကြည်နေကြတာတော့ စိတ်ရှုပ်စရာကောင်းလှပါတယ်” လို့သူမရဲ့ instagram story ကနေတစ်ဆင့်ပြောကြားခဲ့ပါတယ်။


ဒီလို အရေးမပါတဲ့ကောလာဟာလတွေက သူမရဲ့နေ့စဉ်လုပ်ဆောင်နေတဲ့စီးပွားရေး  လုပ်ငန်းတွေကို ထိခိုက်တာမျိုးတွေမရှိနိုင်ပါဘူးလို့ သူမကပြောထားပါတယ်။ အမှိုက်လို ကောလာဟာလတွေကို လစ်လျှူရှုထားပြီး သူမကတော့ တစ်နေ့ထက်တစ်နေ့ ပိုလှအောင် ကြိုးစားနေပါတယ်။ တစ်နေ့ကို လေ့ကျင့်ခန်း (၂)နာရီတိတိလုပ်ပြီး diet လုပ်တဲ့အနေနဲ့ အစားကိုလဲသေချာလေး စားဖြစ်တယ်လို့ဆိုထားပါတယ်။


ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးတွေအားလုံးရဲ့ လေးစားအားကျမှုကိုခံနေရတဲ့ ဗစ်တိုးရီးယားက အကောင်းဆုံး ဇနီး၊ အကောင်းဆုံး မိခင်ဖြစ်ပြီးလုပ်ငန်းခွင်မှာလဲ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် သင့်ကိုယ်သင်အရင်ချစ်ပါ၊ အရင်ကြင်နာပါ လို့ အမျိုးသမီးငယ်တွေအတွက် စကားပါးထားပါသေးတယ်။


အခုလက်ရှိမှာတော့ ကလေး (၄) ယောက်ရဲ့မိခင် အသက်(၄၄) နှစ်ရှိပြီဖြစ်တဲ့ ဗစ်တိုးရီးယားဟာ အလုပ်ကြိုးစားရင်း၊ ခရီးတွေထွက်ရင်းနဲ့ အချိန်တွေကုန်နေခဲ့တာ အိမ်ထောင်သက် (၂၀) တောင်ပြည့်သွားခဲ့ပါပြီ။ တစ်ချိန်က Spice Girls အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့တဲ့ သူမဟာ လာမယ့် မေလပိုင်းမှာ ပြုလုပ်မယ့် Spice Girls Reunion ကို အလုပ်တွေရှိသေးတဲ့အတွက် သွားနိုင်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ Spice Girls အဖွဲ့ဝင်တွေနဲ့ မတွေ့ဆုံနိုင်သေးပေမဲ့ သူမကတော့ အမြဲတမ်း Spice Girls ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေမှာပါ လို့လဲပြောကြားထားပါသေးတယ်။

 

လက်ရှိမှာ ကမ္ဘာကျော် Victoria’s Secret ရဲ့ ပိုင်ရှင် ဗစ်တိုးရီးယားဘက်ခမ်း ဟာ သူမရဲ့ ချစ်လှစွာသောမိသားစုနဲ့အားလပ်ချိန်တွေကို ကုန်ဆုံးရင်း အလုပ်တွေကို ဒီထက်ပိုပြီး ကြိုးစားလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

DoublePaing(popolay)

 



Follow us on