1. Home
  2. Football

ဒိုင်ဘာလာ ကိုခေါ်ယူဖို့ မျက်စိကျလာတဲ့ ရီးရဲလ်မက်ထရစ်

Football ม.ค. 23, 2562 view 1,590

စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ထရစ် အသင်းဟာ ဂျူဗင်တပ် တိုက်စစ်မှူး ဒိုင်ဘာလာကို ပေါင် သန်း ၉၀ နဲ့ခေါ်ယူမယ်လို့ the sun ကဖော်ပြထားပါတယ်။

ရော်နယ်ဒို ထွက်သွားပြီးနောက်ပိုင်း တပ်ပျက်နေတဲ့ ရီးရဲလ်ဟာ အထောင်တိုက်စစ်မှူးနေရာအတွက် အာဂျင်တိုင်းသာ ဒိုင်ဘာလာကို မျက်စိကျနေတာဖြစ်ပါတယ်။

ဒိုင်ဘာလာ ၂၀၁၅ ခုနှစ်မှာ ပါလာမို အသင်းမှ ဂျူဗင်တပ် အသင်းပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အသင်းအတွက် ၁၁၅ ပွဲမှာ ၅၄ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

“ရီးရဲအသင်းအသင်းက ထိပ်တန်း ကစားသမားတစ်ဦးကိုရှာဖွေနေပြီး ဒီလာမယ့် နွေရာသီမှာ ဒိုင်ဘာလာက အသင့်တော်ဆုံးဖြစ်လိမ့်” လို့ ရီးရဲလ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Sun သတင်းဌာနကို ပြောခဲ့တာပါ။

ဂျူဗင်တပ်အသင်းဟာ ရာသီကုန်မှာ အာဆင်နယ်အသင်းမှ ရမ်ဆေး ရောက်ရှိ လာမယ့်အရေးက ဒိုင်ဘာလာကို အသင်းကထွက်ဖို့ ပိုမို ဖိအားရစေခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းနည်ပြ ဂွာဒီယိုလာကလည်း ဒိုင်ဘာလာကို သဘောကျနေတယ် လို့ သိရပါတယ်။

 



Follow us on