1. Home
  2. Movie Stars - Celebrity

လက်ရှိရိုက်ကူးနေတဲ့ Cats Movie အတွက် ကြောင်တွေဆီက သင်ယူနေတယ်ဆိုတဲ့ တေလာဆွစ်ဖ်

Movie Stars - Celebrity ม.ค. 23, 2562 view 1,493

ကမ္ဘာကျော် ပေါ့ပ်ဂီတအမျိုးသမီးအဆိုရှင် တေလာဆွစ်ဖ်ဟာ ကြောင်ချစ်တတ်သူ၊ ကြောင်ခရေဇီတစ်ယောက်ပါ။ သူမမှာ Meredith Grey နဲ့ Olivia Benson ဆိုတဲ့ ကြောင်လေးနှစ်ကောင်ရှိပါတယ်။


လက်ရှိမှာ ဆွစ်ဖ်ဟာ နာမည်ကြီး ဟောလိဝုဒ်စတားတွေဖြစ်တဲ့ Idris Elba ၊ Jennifer Hudson ၊ Ian McKellen ၊ Jason Derulo တို့ ပါဝင်တဲ့ Cats Movie မှာကြောင် တစ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။


Cats Movie ဟာ Musical ဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး တေလာဆွစ်ဖ်က ချစ်စရာကြောင်မလေး Bombulurina အဖြစ်ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပြီး Jason Derulo နဲ့ ဇာတ်လမ်းအရ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

ကြောင်အရမ်းချစ်ပြီး ကြောင်တွေနဲ့ အနေများတဲ့ ဆွစ်ဖ်အတွက်တော့ ဒီကာရိုက်တာကို သရုပ်ဆောင်ဖို့ သိပ်မခဲယဉ်းဘူးလို့ဆိုပါတယ်။ ဆွစ်ဖ်ဟာသူမရဲ့ အားလပ်ချိန်တော်တော်များများကို ကြောင်တွေနဲ့ပဲ ကုန်ဆုံးလေ့ရှိပြီး တခါတရံမှာ ကြောင်လေးတွေကို ပွေ့ပြီး အပြင်ကိုခေါ်ဆောင်လာတတ်ပါတယ်။



ဆွစ်ဖ်ဟာ ကြောင်ဘယ်လောက်ထိချစ်တတ်လဲဆိုရင်  ကြောင်ပုံစံနားသေးသေးလေးတွေကို မကြာခဏဝတ်ဆင်တတ်ပါတယ်။ ဒီလိုကြောင်အရမ်းချစ်တတ်တဲ့ ဆွစ်ဖ်တစ်ယောက် ကြောင်မလေးအဖြစ်ပါဝင်သရုပ်ဆောင်ရမယ်ဆိုတော့ စိတ်ဝင်စားစရာတော့ကောင်းနေပါပြီ။


ပရိတ်သတ်ကြီးရော ဆွစ်ဖ်ရဲ့ Cats Movie ကို မျှော်လင့်စောင့်စားနေလိမ့်မယ်လို့ အောက်မေ့မိပါတယ်။



Follow us on