1. Home
  2. Special or Others

စပါးကြီးမြွေအန္တရာယ်မှ လွတ်အောင်ရုန်းနည်းပြသတဲ့ သည်းထိတ်ရင်ဖိုရုပ်သံ

Special or Others ม.ค. 24, 2562 view 1,992
ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသားလေးတွေကို စပါးကြီးမြွေ ရစ်ပတ်တိုက်ခိုက်ခံရတဲ့အခါ ဘယ်လို လွတ်အောင်ရုန်းမလဲဆိုတဲ ကာကွယ်ရေးသင်ခန်းစာကို ကယ်ဆယ်ရေးဝန်ထမ်း အသက် ၄၀ အရွယ် “ခွန်အပီချတ်” ဆိုသူက ကိုယ်တိုင် စပါကြီးမြွေကြီးတစ်ကောင် ရစ်ပတ်ခံကာ လက်တွေ့သင်ကြားပြသခဲ့ပါတယ်။
 
 
စပါးကြီးမြွေလက်တွေ့ရစ်ပတ်ခံနေရတဲ့ အဆင့်ဆင့်ကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုတာကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက မိုက်ကရိုဖုန်းနဲ့ ကလေးတွေကိုရှင်းပြနေတာ ရုပ်သံမှာ တွေ့ရပါတယ်။ စပါးကြီးမြွေဟာ ကြီးမားပြီး လူတွေက သရုပ်ပြနေတယ်ဆိုပေမယ့် မြွေကြီးကတော့ “ပပီချတ်”ကို အမှန်တစ်ကယ်တင်းတင်းရင်းရင်း တစ်ကိုယ်လုံးကို ရစ်ပတ်ဖျစ်ညှစ်နေတာကို အသဲတထိတ်ထိတ်နဲ့ ကြည့်နေရပါတယ်။
 
 
မြွေကြီးက သူ့ပါးစပ်နဲ့ မြိုနိုင်အောင် ကြိုးစားနေတာကြောင့် မြွေရဲ့ ဦးခေါင်းကို မလွတ်တမ်း ဖမ်းညှစ်ထားရပါတယ်။ တစ်ကိုယ်လုံးကို ချုပ်ထားခံရချိန် မြွေရဲ့ ဦးခေါင်း လွတ်သွားရင်တော့ မြွေမျိုတာကို ခံရမှာဖြစ်ပါတယ်။ မြွေက ပတ်ထားတာဘယ်လောက် တင်းကြပ်နေတယ်ဆိုတာကို ကလေးတွေကိုယ်တိုင်သိအောင် မြွေကြီးကို ဆွဲခွာကြည့်ဖို့ ပြောတဲ့အခါ ကလေးတစ်ယောက်က လာပြီး ဆွဲခွာပေမယ့် ဆွဲလို့မရတာကို ရုပ်သံမှာ တွေ့ရပါတယ်။
 
 


Follow us on