1. Home
  2. Special or Others

ငါးသည်းခြေ စားပြီးနောက် အစာအဆိပ်သင့်ကာ အသည်းပျက်ဆီး

Special or Others ม.ค. 24, 2562 view 2,433
ငါးစားခြင်းဟာ ကျန်းမာရေးအတွက်ကောင်းမွန်ပြီး မှတ်ဉာဏ်စွမ်းရည် မြင့်မားစေတယ်လို့ အားလုံးက လက်ခံထားကြပါတယ်။ ဒါပေမယ့် ငါးကို စနစ်တကျ မစားတတ်ရင်တော့ လူအတွက် အသက်အန္တရာယ်ရှိနိုင်ပါသေးတယ်။
 
လတ်တလောသတင်းတစ်ခုအရ တရုပ်နိုင်ငံ ဟန်ကျိုးက အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ငါးသည်းခြေ သောက်ပြီးနောက် ဗိုက်နာခြင်း၊ အော့အန်ခြင်းတို့ဖြစ်ကာ အသက်အန္တရာယ်ရှိနိုင်တဲ့ အဆိပ်သင့်မှုမျိုး ဖြစ်ခဲ့တာကြောင့် အရေးပေါ်လူနာအဖြစ် ဆေးရုံတင်ခဲ့ရပါတယ်။
 
 
ငါးသည်းခြေဟာ ရောဂါအတော်များများကို ပျောက်ကင်းစေတဲ့ ဆေးအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက လက်ခံထားကြပြီး နေမကောင်းတဲ့အခါ ငါးသည်ခြေသောက်တတ်ကြတဲ့ အလေ့အထက တိုင်းရင်းဆေးတစ်ခုလို လက်ခံထားကြပါတယ်။ ငါးသည်းခြေကို အရက်နဲ့ရောကာ ဆေးဖြစ်ဝါးဖြစ် သုံးဆောင်တတ်ကြပါတယ်။
 
 
ဒီအယူအဆအတိုင်း အမျိုးသမီးက ငါးသည်းခြေ အလုံး ၂၀ တစ်ခါတည်းသောက်ပြီးတဲ့နောက်မှာတော့ အစာအဆိပ်သင့်ခဲ့တာဖြစ်ပါတယ်။ ဆရာဝန်တွေ စစ်ဆေးပြီးတဲ့အခါ အစာအဆိပ်သင့်တဲ့လက္ခဏာတွေ့ရပြီး သူမရဲ့ အသည်းပျက်ဆီးသွားတာကို တွေ့ခဲ့ရပါတယ်။ ဆေးကုသမှုခံယူပြီးတဲ့နောက် အသက်အန္တရာယ်ကနေ လွတ်ကင်းတဲ့ အခြေအနေရောက်နေပြီးဖြစ်ကြောင်း သိရှိရသည်။
 
အချို့သော ငါးတွေရဲ့ ကလီစာတွေကလည်း အစာအဆိပ်သင့်မှုကို ဖြစ်စေတာကြောင့် ငါးကြိုက်သူတွေအနေနဲ့ အတွင်းကလီစာတွေနဲ့ သည်းခြေအိတ်တို့ကို ရှင်းလင်းပြီးမှ ချက်ပြုတ်စားသောက်ဖို့ အကြံပြုလိုက်ပါတယ်။


Follow us on