1. Home
  2. Movie Stars - Celebrity

သူ့ကိုယ်သူ ရုပ်ချောလို့ချောမှန်းမသိခဲ့ဘူးဆိုတဲ့ ချာအွန်ဝူး

Movie Stars - Celebrity ม.ค. 24, 2562 view 2,260

My ID is A Gangnam Beauty ဇာတ်လမ်းတွဲထဲက ဇာတ်လိုက်မင်းသား ချာအွန်ဝူးဟာ သူ့ရဲ့ ချောမောလွန်းတဲ့ ရုပ်ရည်ကြောင့်နာမည်ကြီးသူတစ်ယောက်ပါ။


တောင်ကိုးရီးယားမှ အနုပညာရှင်တော်တော်များများဟာ မျက်နှာခွဲစိတ်ခြင်းပြုလုပ်လေ့ ရှိတာကြောင့်ချာအွန်ဝူးကိုလဲ ငယ်စဉ် ကလေးဘဝက ဓာတ်ပုံများနဲ့ တိုက်ကြည့်ခဲ့ကြပါတယ်။ အွန်ဝူးဟာ မျက်နှာခွဲစိတ်ပြုပြင်ထားခြင်းမရှိဘူးဆိုတာ သူ့ရဲ့ ငယ်ဘဝက ဓာတ်ပုံတွေကဖော်ပြနေပါတယ်။ ဘာမှမပြောင်းလဲသွားပဲ သူ့လက်ရှိ ရုပ်ရည်နဲ့ ပုံစံတစ်ထပ်တည်းပါပဲ။


ချာအွန်ဝူးရဲ့ ချောမောလွန်းတဲ့ ရုပ်ရည်ကြောင့် တောင်ကိုးရီးယားမှ မျက်နှာခွဲစိတ်ဆရာ ဝန်တွေကတောင် ချာအွန်ဝူးမျက်နှာကို စံနမူနာထားပြီး ခွဲစိတ်ပြုပြင်ပေးလေ့ရှိကြပါတယ်တဲ့။ အွန်ဝူးရဲ့ မျက်နှာအစိတ်အပိုင်းတွေဖြစ်တဲ့ မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ နှုတ်ခမ်း အစရှိသဖြင့် အရာအားလုံးပြီးပြည့်စုံနေတဲ့ အတွက် စံနမူနာထားရခြင်းဖြစ်တယ်လို့ ဆာဂျရီဆရာဝန်တွေက ထုတ်ဖော်ပြောကြားဖူးပါတယ်။

ဒီလို အဖက်ဖက်က ပြီးပြည့်စုံအောင် ရုပ်ရည်ချောမောလွန်းတဲ့ ချာအွန်ဝူးဟာ သူ့ကိုယ်သူ ချောနေတယ်ဆိုတာ မသိခဲ့ပါဘူးတဲ့။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ MBC FM4U အစီအစဉ်မှာ MC ဖြစ်တဲ့ ဂျီဆော့ဂျင်(Running Man မှ နှာခေါင်းကြီး) က သူရုပ်ချောလွန်းတာနဲ့ ပတ်သတ်ပြီး စိတ်ပင်ပန်းရတဲ့ အဖြစ်မျိုးတွေ မကြုံရဘူးလားလို့ မေးမြန်းခဲ့ရာ အွန်ဝူးက ‘ကျွန်တော်မပင်ပန်းပါဘူး’ လို့ရိုးရှင်းစွာဖြေကြားခဲ့ပါတယ်။



ဆက်လက်ပြီး နှာခေါင်းကြီးက ကိုယ့်ကိုယ်ကို ရုပ်ချောမှန်း ဘယ်အချိန်ကစသိခဲ့တာလဲ လို့မေးမြန်းတဲ့အခါမှာတော့ ‘ကျွန်တော်ငယ်ငယ်က အရမ်းဝပြီး အသားလဲနည်းနည်းညိုတော့ ကိုယ့်ကိုယ်ကိုသတိမထားမိခဲ့ဘူး။ idols ဖြစ်ဖို့ ထရိန်နင်ဆင်းတော့ သူငယ်ချင်းတွေပြောမှ ကိုယ့်ကိုယ်ကို ချောမှန်းသတိထားမိလာတာ’ လို့ ဖြေကြားခဲ့ပါတယ်။


အွန်ဝူးဟာ ယောင်္ကျားလေးအဆိုတော် band တစ်ခုဖြစ်တဲ့ Astro အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ Astro ထွက်ရှိထားတဲ့သီချင်းအသစ် All Night ကို promote လုပ်နေရတာဖြစ်ပါတယ်။ MBC ရဲ့ FM4U မှာအဖွဲ့သားတွေနဲ့အတူရောက် ရှိနေခဲ့တာပါ။ Astro အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မွန်ဘင်းက ‘အွန်ဝူးက ဖက်တီးဖြစ်နေတုန်းကလဲ ကြည့်ကောင်းတာပါပဲ’ လို့ပြောခဲ့ပြီး Rocky ကလဲ ‘သူကအရမ်းချောတော့ ကျွန်တော့တို့အဖွဲ့ အောင်မြင်လာလိမ့်မယ်ဆိုတာ အလိုလိုသိနေခဲ့တယ်’ လို့ပြောကြားခဲ့ပါတယ်။

 



 

 



Follow us on