1. Home
  2. Special or Others

အရမ်းလှပချင်သူရဲ့ ဆိုးရွားလွန်းတဲ့ နောက်ဆုံးရလာဒ်

Special or Others ม.ค. 24, 2562 view 1,917
အလှအပကြိုက်တယ်ဆိုတာ မိန်းကလေးတွေရဲ့ သဘာဝဗီဇပါ။ မျက်နှာခွဲစိတ်ပြုပြင်တဲ့ နည်းပညာကလည်း ထွန်းကားနေတဲ့ ခေတ်ဖြစ်နေတော့ လှသည်ထက် လှချင်နေတဲ့ အမျိုးသမီးတွေအတွက် လွယ်ကူအဆင်ပြေနေပါတယ်။
အခုခေတ်မှာ မိန်းကလေးတွေသာမဟုတ် ယောက်ျားလေးတွေကြားမှာလည်း မျက်နှာခွဲစိတ်ပြုပြင်မှုတွေ ခေတ်စားလာခဲ့ပါတယ်။
 
ဒါပေမယ့် မျက်နှာခွဲစိတ်အလှပြုပြင်မှုတိုင်းဟာ အောင်မြင်သည်တော့မဟုတ်ပါဘူး၊ ခွဲစိတ်ပြုပြင်ပြီးမှ ပိုဆိုးသွားတဲ့ ကိစ္စတွေအများကြီးရှိပါတယ်။ အဲဒီအချိန်ကျမှ နောင်တရကြသူတွေလည်း မနည်းပါဘူး။
 
လတ်တလော အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာကတော့ နှုတ်ခမ်းကို ခွဲစိတ်အလှပြုပြင်မိတဲ့ မိန်းကလေးတစ်ယောက်က သူ့လို မဖြစ်စေချင်တဲ့အတွက် အားလုံးကို ဖွင့်ချပြလိုက်ပါတယ်။
သူမရဲ့ နဂိုမူလနှုတ်ခမ်းဟာ လှပနေပါရက်နဲ့ သူမရဲ့နှုတ်ခမ်းကို အသည်းပုံလို ဖူးဖူးလေး ဖြစ်ချင်နေတဲ့ ဆန္ဒက သူမကို နှုတ်ခမ်းခွဲစိတ်ပြုပြင်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။
 
 
ခွဲစိတ်မှုလုပ်ပြီးတဲ့အချိန်မှာတော့ အသည်းပုံစံ ပေါ်ခဲ့ပေမယ့် စိတ်ကူးယဉ်ထားတာနဲ့ အတော်ကြီးကွာခြားနေတာကို ထိတ်လန့်အံ့အားသင့်စွာ တွေ့လိုက်ရပါတယ်။ 
အခုဆိုရင် သူမရဲ့ အပေါ်နှုတ်ခမ်းကို ဖြတ်တောက်ခံလိုက်ရပြီး နှုတ်ခမ်းစေ့လို့မရတော့ပဲ သွားတွေအချိန်တိုင်းပေါ်နေပါတယ်။ သူ့ပုံကိုတွေတဲ့ အွန်လိုင်းပေါ်က လူတွေက နှစ်သိမ့်အားပေးကြပါတယ်။ 
လုံးဝပြန်ပြင်လို့မရတော့တဲ့ အခြေအနေပဲ။ လှချင်လို့ လုပ်လိုက်မိပေမယ့် ရလာဒ်က ခါးသီးလွန်းတယ်” လို့ တစ်ဦးက ဝင်ရောက်ရေးသားခဲ့ပါတယ်။


Follow us on