ကမ္ဘာကျော် R&B အဆိုတော် Chris Brown ဟာပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ မုဒိန်းမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုတို့ဖြင့် တရားစွဲဆိုခံခဲ့ရရာ တရားဥပဒေအရ စစ်ဆေးခြင်းကိုခံယူခဲ့ရပါတယ်။
Brown ကို ပဲရစ်မြို့ရှိ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုမှာ အသက် ၂၅ နှစ်အရွယ်အမျိုးသမီး တစ်ဦးက သူမကို အဓမ္မပြုကျင့်တယ်ဆိုပြီး ရဲစခန်းကိုတိုင်ကြားခဲ့ရာက အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ တာဝန်အရ စစ်ဆေးခံရပြီး လက်ရှိမှာတော့ Brown ဟာဘာပြစ်မှုမှ ကျူးလွန်ခြင်းမျိုးမရှိတဲ့အတွက် ရဲစခန်းကနေလုံးလုံးလျားလျားလွတ် မြောက်သွားခဲ့ပါပြီ။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး Brown တစ်ယောက် မကျေနပ်နိုင်တဲ့အတွက် သူ့အကြောင်း သွားပုပ်လေလွင့်မှု၊ အသရေဖျက်မှုနဲ့ တရားပြန်စွဲမယ်လို့ သိရပါတယ်။ဒီအကြောင်းကို Brown ငှားထားတဲ့ ပြင်သစ်ရှေ့နေ Raphael Chiche က အတိအလင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဆယ်လီတွေကို ငွေညစ်ချင်လို့ ဒီလို လီဆယ်ပြောဆိုပြီး စွပ်စွဲခံရတာတွေက Brown မှမဟုတ်ပါဘူး။ ဆယ်လီယောင်္ကျားသားတော်တော်များများ ကြုံတွေ့နေရတာပါ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး နာမည်ကြီး ဟောလိဝုဒ် အဆိုတော်တွေဖြစ်တဲ့ Darke နဲ့ Justin Bieber တို့က Brown ကို comment တွေမှာအားပေးစကားပြောခဲ့ပါတယ်။
ပရိတ်သတ်ကြီးရေ Brown လုပ်ကြံပြီး တရားစွဲတာ အမှုမှန်ပေါ်သွားတဲ့အတွက် ဝမ်းသာစရာပါပဲ။ ဒါပေမဲ့ Brown တစ်ယောက်ကတော့ဝမ်းမသာနိုင်ခဲ့ပါဘူး။ နောက်ထပ် အမှုတစ်ခုရင်ဆိုင်ဖို့အတွက် သမီးလေးနဲ့ ခွဲနေရဦးမှာ မို့ပါတဲ့။ တစ်ဦးတည်းသော သမီးကိုချစ်လွန်းတဲ့ Brown အတွက် ဆုတောင်းပေးလိုက်ပါဦး ပရိတ်သတ်ကြီးရေ။