1. Home
  2. Special or Others

ပုရိသတွေ ခံတွင်းတွေ့နေတဲ့ ဘန်ကောက်မြို့က ခေါက်ဆွဲဆိုင်လေး (ရုပ်သံ)

Special or Others ม.ค. 25, 2562 view 1,630
ကျွန်မယောက်ျားက ခေါက်ဆွဲဆိုလုံးဝ မကြိုက်ဘူး ဒါပေမယ့် ဟိုကောင်မလေးလို နည်းလမ်းသုံးပြီး ချက်ကျွေးလိုက်တာ တစ်ထိုင်ထဲနဲ့ နှစ်ပွဲလောက်ကုန်ပါရောလား” လို့ အိမ်ထောင်ရှင်မ တစ်ယောက်ကတောင် ညွှန်းရတဲ့ထိ စားသုံးသူ (အထူးသဖြင့် ပုရိသ) တွေကို ဆက်စီကျကျ ဆွဲဆောင်ပြီး ခေါက်ဆွဲပြုတ်ရောင်းကောင်းနေတဲ့ ဘန်ကောက်မြို့က ကောင်မလေးရုပ်သံက လက်တလော အွန်လိုင်းမှာ ပွဲဆူနေပါတယ်။
 
 
ဆိုင်ကိုလာတဲ့ စားသုံးသူတစ်ဦးက သူမရဲ့ခေါက်ဆွဲရောင်းချတဲ့ ဟန်ပန်တွေကို ဗီဒီယ်ုရိုက်ပြီး အွန်လိုင်းပေါ် တင်လိုက်ရာမှာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားပြီး လူတွေကြိတ်ကြိတ်တိုးတဲ့အထိအောင် ရောင်းချနေရပါတယ်။ 
 
 
တစ်ကယ်တော့ ခေါက်ဆွဲအရသာကောင်းတာထက် ဆိုင်ရှင်လေး ဆက်စီကျတာကို ပိုပြီး စိတ်ဝင်စားကြတာဖြစ်ပါတယ်။ စိုင်းဆိုင်မောဝ် သီချင်းထဲကလို “ဒီခေါက်ဆွဲ ကောင်းလို့လည်းစားတာပါ၊ ဆိုင်ရှင်လေး လှလို့လည်း သွားတာပါ” ဆိုတာမျိုးပါ။
 
 
 
အွန်လိုင်းပေါ်ကလူတွေ တစ်ကယ်စိတ်ဝင်စားမိသွာအောင် သူမကလည်း တစ်ကယ်ကိုလှပတဲ့ ခန္ဓာကိုယ်အချိုးအစား နုငယ်တဲ့ မျက်နှာလေးတဲ့ အားလုံးကို ဖမ်းစားလိုက်တာပဲဖြစ်ပါတယ်။ ဘယ်သူကမှ မမိုက်ပါဘူးကွာလို့ မငြင်းရဲပါဘူး။
 
 
 
စာဖတ်သူတို့ ဘန်ကောက်ရောက်တဲ့အခါ ကိုယ်တိုင်သွားရောက် အကဲခတ်နိုင်အောင် လိပ်စာလေးလဲ ပြေပြပါမယ်။ # 13 Charan Sanitwong Road, Wat Tha Phra, Bangkok # ဖြစ်ပါတယ်။ ရောက်ဖြစ်အောင် သွားလိုက်ဦးနော်..။
 


Follow us on