
သူမရဲ့ သွက်လက်ထက်မြက်မှု၊ ရိုးသားပွင့်လင်းမှုတွေကြောင့် အထူးသဖြင့်မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်နေရတဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေကို တိုးလို့ပိုင်ဆိုင်လာကာ ယခုဆိုရင် သရုပ်ဆောင်မင်းသမီးအဖြစ်ပါ အနုပညာလောကထဲမှာ လျှောက်လှမ်းနေပြီပဲဖြစ်ပါတယ်။

မိန်းကလေးတိုင်းကို အလှအပရေးရာနဲ့ပတ်သက်ပြီး အကောင်းဆုံးအကြံညာဏ်များပေးလေ့ရှိသလို သူမကိုယ်တိုင်လဲ အမြဲတစေလှပအောင် ပြုပြင်နေထိုင်သူလေးဖြစ်ပါတယ်။ နေခြည်ဦးကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာတာနဲ့အမျှ ရုပ်ရှင်ကားရိုက်ကူးမှုတွေကိုလဲ အဆက်မပြတ်လုပ်နေရသလို ပွဲအခမ်းအနားတွေကိုလဲ တက်ရောက်ပေးလာတာကိုတွေ့ရပါတယ်။

နေခြည်ဦးကတော့ ဇန်န၀ါရီလ ၂၇ ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ JOOX Myanmar ရဲ့ Superstar အဆိုရှင်ရွေးချယ်ပွဲ အခမ်းအနားကို တက်ရောက်အားပေးခဲ့ပါတယ်။ အစိမ်းရောင် Sexy ဆန်ဆန်ဖက်ရှင်လေးနဲ့ လှပကျော့ရှင်းစွာ တက်ရောက်ခဲ့တဲ့သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ကနေ မျှဝေထားတာပဲဖြစ်ပါတယ်။ ဟန်ဆောင်မှုကင်းတဲ့အပြုံးလေးတွေနဲ့ ယုံကြည်မှုရှိရှိတက်လှမ်းခဲ့တဲ့ နေခြည်ဦးရဲ့ ပွဲတက်ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ရပါတယ်။

.jpg)



comment