1. Home
  2. Myanmar News

တောနော်ရေတံခွန်ပေါ်မှ မိန်းကလေးနှစ်ဦး ပြုတ်ကျ တစ်ဦးသေဆုံး

Myanmar News ม.ค. 28, 2562 view 1,896
ဇန်နဝါရီ ၂၇ ရက်နေ့က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးဘေးတွင် ရှိသော တောနော် ရေတံခွန် အမြင့်တစ်နေရာမှ မိန်းကလေးနှစ်ဦး ပြုတ်ကျကာ တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
 
သေဆုံးသူမိန်းကလေး
 
ရေတံခွန်ပေါ်မှ ပြုတ်ကျခဲ့သော မိန်းကလေးနှစ်ဦးမှာ မဲကုတာဖောင် အထည်ချုပ်စက်ရုံက အလုပ်သမလေးများဖြစ်ပြီး စက်ရုံပိတ်ရက်မှာ ရေတံခွန်ကို လာရောက်လည်ပတ်ရင်း မတော်တဆမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ 
 
 
 
တစ်ဦးမှာ အခင်းဖြစ်ပွားရာ နေရာတင်ပင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးကို ကော့ကရိတ်ဆေးရုံသို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။ မတော်တဆမှုဖြစ်ပွားခဲ့သူ နှစ်ဦးထဲမှ မိန်းကလေးတစ်ဦး၏ အမည်မှာ မစုမြတ်ဝေ ဟု သိရှိရပြီး နှစ်ဦးစလုံးမှာ ပဲခူးမြို့နယ် ဒိုက်ဦး ဇာတိဖြစ်ကာ မဲကုတာဖောင် အထည်ချုပ်စက်ရုံတွင် လာရောက် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြောင်း  သိရှိရသည်။
 
သတင်း/ဓါတ်ပုံ - ကိုထိုက်


Follow us on