
တောင်ကိုးရီးယားနိုင်ငံက Zombie လို့ခေါ်တဲ့ ဖုတ်သရဲကောင်တွေနဲ့ပတ်သတ်ပြီး နာမည်ကြီးလာတဲ့ဇာတ်ကားဆိုရင်တော့ဖြင့် လူသိများတဲ့ Train to Busan ဇာတ်ကား နဲ့ အရင်မိတ်ဆက်ရမှာပါပဲ။

Train to Busan အောင်မြင်အပြီးနောက်ပိုင်း တောင်ကိုးရီးယားနိုင်ငံမှာ Zombie ကားတွေခေတ်စားလာခဲ့ပါတယ်။ ယခုလက်ရှိနာမည်ကြီးနေတဲ့ ဇာတ်ကားကတော့ Netflix ကနေတင်ဆက်လိုက်တဲ့ Kingdom ဆိုတဲ့ ဖုတ်သရဲ ဇာတ်ကားပါ။ ဒီဇာတ်ကားကတော့ Movie မဟုတ်ပဲ အပိုင်းနဲ့ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Season 1 အနေနဲ့ အပိုင်း ၆ပိုင်း ထွက်ရှိထားပြီး season 2 ပြန်လည်ထွက်ရှိဦးမယ်လို့သိရပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဂျိုဆွန်းခေတ်မှာ အမည်မဖော်လိုတဲ့ ကူးစက်ရောဂါတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကို အိမ်ရှေ့စံမင်းသား ရဲ့ မိဖုရားနဲ့ အမတ်ချုပ်တို့က ဘယ်သူမှမသိအောင် တိတ်တဆိတ်ဖြေရှင်းတဲ့အနေနဲ့ နန်းတော် တစ်နေရာမှာရှိတဲ့ ရေကန်ထဲမှာ ရောဂါကူးစက်ခံရသူတွေကို ပစ်ချပြီး အဆုံးစီရင်ခဲ့ကြပါတယ်။
.png)
ဇာတ်လမ်းရဲ့ အဓိက အနေနဲ့ အမတ်ချုပ်နဲ့ မိဖုရားတို့က မင်းကြီးသေသွားပြီ လို့သတင်းလွှင့်ခဲ့ပါတယ်။ တကယ်တော့ မင်းကြီးဟာ မသေဆုံးပဲ ရောဂါကူးစက်ခံခဲ့ရပြီး ဖုတ်သရဲဘဝပြောင်းသွားခဲ့တာပါ။

Train to Busan တို့ ဘာတို့မှာတော့ ဖုတ်သရဲတွေဟာ ဂုတ်သွေးစုပ်တာလောက်ပဲလုပ်ကြတာပါ။ ဒီ Kingdom မှာကျတော့ ဖုတ်သရဲတွေက လူကိုပြန်စားတာဖြစ်ပါတယ်။ အူတွေ၊ အသဲတွေ ကလီစာတွေကိုပါ ဖောက်စားတာကြောင့် ထမင်းစားရင်း မကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။Seaon 2 လဲ ထွက်ရှိဦးမှာဆိုတော့ ပရိတ်သတ်ကြီးရေ Netflix ကနေစောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ ပရိတ်သတ်ကြီး အမြည်းကြည့်လို့ရအောင် trailer လေးတင်ပေးလိုက်ပါတယ်။ ကြည့်ရှုခံစားကြည့်လိုက်ပါဦး။
ိ
>> Kingdom ဇာတ်လမ်းတွဲ ကြည့်ရှုရန် ဒီနေရာကိုနှိပ်ပါ <<
comment