1. Home
  2. Special or Others

ဘဝကံကြမ္မာဆိုးကို ရင်ဆိုင်ရင်း မိဘကို လုပ်ကြွေးနေတဲ့ ကောင်မလေး

Special or Others ม.ค. 28, 2562 view 1,915
ဒီကလေးမလေး အတိတ်က ကံကြမ္မာဝဋ်ကြွေးပါတယ်လို့ ဆိုရမှာပါပဲ။ အရမ်းဆင်းရဲတဲ့ မိသားစုလေးမှာ အကြီးဆုံးသမီးလေးဖြစ်လာပြီးတော့ သူ့အောက်မှာ မောင်ညီမအငယ်လေးတွေ ၃ ယောက် ရှိပါသေးတယ်။ 
ဆင်းရဲပေမယ့် မိဘမောင်နှမတွေနဲ့အတူ ငယ်ဘဝလေးကတော့ ပျော်စရာကောင်းခဲ့တာအမှန်ပါပဲ။ အရွယ်လေးရောက်လာတော့ မိဘတွေကို ကူညီတဲ့အနေနဲ့ တဖက်တလမ်းက ထီလက်မှတ်တွေကို လမ်းပေါ်မှာ နေရာအနှံ့လျှောက်ရောင်းပါတယ်။ 
 
 
သူမ အသက် ၁၈ နှစ်အရွယ် အပျိုကြီးဖားဖား ဖြစ်လာတဲ့ အချိန်မှာတော့ မမျှော်လင့်တဲ့ ကံကြမ္မာဆိုးက သူ့ဆီကို ရောက်လာခဲ့ပါတယ်။ ဘာဖြစ်မှန်းမသိပဲ ကောင်မလေးရဲ့ ဗိုက်ဟာ တစ်ဖြည်းဖြည်းနဲ့ တစ်နေ့တခြား ကြီးလာပါတယ်။ 
ဒါကိုမဖုံးနိုင်မဖိနိုင်တော့လို့ လူတွေမြင်သွားတဲ့အခါ ပတ်ဝန်းကျင်က ကောင်မလေး မိုက်လိုက်တာ ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ရှိနေတယ်လို့ စွပ်စွဲကြသလို မိဘတွေခမျာလည်း ရင်ကျိုးရတာပေါ့။
 
 
ဒါပေမယ့် သူမကတော့ ဘာဖြစ်မှန်းကို မသိပါဘူး ကိုယ်ဝန်မဟုတ်တာတော့ သေချာတယ်လို့ အကြိမ်ကြိမ် ရှင်းပြမှ မိဘတွေက ဆေးရုံခေါ်ပြီးသွားပြခဲ့ပါတယ်။ အဲဒီအခါကျမှ အဖြစ်မှန်ပေါ်လာခဲ့ပါတယ်။ 
ကောင်မလေးရဲ့ ဗိုက်ဟာ ရေဖျဉ်းစွဲသလို ပုံသဏ္ဍန်ရှိပြီး သွေးဥတွေထဲမှာ ရေအိတ်တွေရှိနေတယ်လို့ ဆရာဝန်တွေက အဖြေထုတ်နိုင်ခဲ့ပါတယ်။ သူမဟာ ဗိုက်တင်မကပဲ လက်တွေကပါ ဖောယောင်ပြည့်ဖောင်းနေပါတယ်။ လက်တွေက ယောင်လိုက်လာပေမယ့် ခြေထောက်တွေက သေးကျုံ့သွားပါတယ်။
 
 
ဒီဝေဒနာကို ကုသဖို့စရိတ်ဆိုတာ သူ့ရဲ့မိသားစု စီးပွားရေးအခြေအနေနဲ့ အိမ်မက်တောင် မမက်နိုင်ပါဘူး။ လက်ရှိအခြေအနေမှာတော့ အခုလို ပူဖောင်းနေတဲ့ ဗိုက်ကြီးနဲ့ အရင်လိုပဲ တစ်နေရာကနေ တစ်နေရာသွားပြီး မိသားစု စားဝတ်နေရေးအတွက် ထီလက်မှတ်တွေ လိုက်လံရောင်းချနေရဆဲဖြစ်ပါတယ်။ 
ဒီအကြောင်းကို အွန်လိုင်းပေါ်မှာ ဓါတ်ပုံတွေနဲ့တကွ ဖော်ပြတဲ့အခါ ပြန်လည်ဝေမျှသူတွေ စိတ်မကောင်းဖြစ်ကြသူတွေ များစွာရှိကြပြီး ကောင်မလေးကို ကူညီကယ်တင်နိုင်မယ့် အလှူရှင် ပေါ်လာပါစေလို့ ဆုတောင်းပေးလျှက်ရှိပါတယ်။


Follow us on