1. Home
  2. Movie Stars - Celebrity

ကိုယ်ပိုင်အေဂျင်စီဖွင့်ထားပြီး အနာဂတ်စီမံကိန်းတွေကို ချပြလိုက်တဲ့ PSY

Movie Stars - Celebrity ม.ค. 29, 2562 view 1,683

တစ်ချိန်က Gangnam Style သီချင်းနဲ့ ကမ္ဘာတစ်ဝှမ်းမှာ လျှမ်းလျှမ်းတောက်အောင်မြင် လာတဲ့ တောင်ကိုးရီးယားအဆိုတော် PSY ဟာ ၈ နှစ်တာလက်တွဲခဲ့တဲ့ အေဂျင်စီကနေ နှုတ်ထွက်ပြီး ကိုယ်ပိုင် အေဂျင်စီတစ်ခုကို တည်ထောင်ထားပြီဖြစ်ပါတယ်။

ယခင် Psy လက်တွဲ ခဲ့တဲ့ Entertainment Company ကတော့ YG Entertainment ဖြစ်ပါတယ်။ PSY တစ်ယောက် YG Entertainment လက်အောက်မှာ ရှိစဉ်အခါက Gangnam Style သီချင်းနဲ့သာမက Daddy, Gentle Man, New Face, Right Now သီချင်းတွေနဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ပေါက်မြောက်အောင်မြင်ခဲ့ပါတယ်

Gangnam Style သီချင်းမှာ တစ်မူထူးခြားတဲ့မြင်းစီးအကကြောင့် လူသိများအောင်မြင်ကျော်ကြားခဲ့တဲ့ Psy ဟာ သူ့ရဲ့ သူများနဲ့မတူတဲ့ ထူးခြားပုံကြောင့် အောင်မြင်လာတာပဲမဟုတ်ပါလား။

ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က PSY က သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ယက် စာမျက်နှာမှာ ကိုယ်တိုင်တည်ထောင်ထားတဲ့ အေဂျင်စီကုမ္ပဏီနဲ့ ပတ်သတ်ပြီး ပရိတ်သတ်ကိုအသိပေး ကြေငြာခဲ့ပါတယ်။ ကုမ္ပဏီရဲ့ နာမည်ကတော့ P-nation ဖြစ်ပါတယ်။ လက်ရှိမှာတော့ PSY ရဲ့ P-nation ကို 4Minute အဖွဲ့ဝင်ဟောင်း HyunA ၊ Pentagon အဖွဲ့ဝင်ဟောင်း E’Dawn ၊ T-ara အဖွဲ့ဝင်ဟောင်း Hyomin တို့နဲ့ စာချုပ်ချုပ်ဆိုထားပြီဖြစ်ပါတယ်။

HyunA နဲ့ E’Dawn တို့ကသမီးရည်းစားတွေဖြစ်ပြီး နှစ်ယောက်စလုံးက Cube Entertainment ကနေ အထုတ်ခံထားရသူများဖြစ်ပါတယ်။ Hyomin ကတော့ T-ara အဖွဲ့ကွဲပြီး MBK Entertainment ကထွက်လာသူ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Psy ကဒီ လူတွေနဲ့ ရှေ့ ဆက်သွားမယ်လို့ သိရပါတယ်။

ကုမ္ပဏီအသစ်ဖွင့်တဲ့ ကိစ္စနဲ့စပ်လျဉ်းပြီး ‘မင်္ဂလာပါ ကျွန်တော် Psy ပါ ၊ ပြီးခဲ့တဲ့ အဆိုတော် လုပ်ခဲ့တဲ့ ၁၉ နှစ်လုံးလုံးမှာ ပရိုဂျူဆာတစ်ယောက်အနေနဲ့ရော အဆိုတော် တစ်ယောက်အနေနဲ့ပါ ဖြတ်သန်းခဲ့ပြီးပါပြီ၊ လူတွေဆီက သင်ယူစရာတွေလေ့လာစရာတွေ အများကြီးကိုလဲ လေ့လာသင်ယူနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ P-Nation လို့ခေါ်တဲ့ အေဂျင်စီတစ်ခုတည်ထောင်ထားပြီး အမှန်တကယ်ကြိုးစားချင်စိတ်ရှိတဲ့ အနုပညာရှင်တွေကို မွေးထုတ်ပေးသွားမှာဖြစ်တယ်’ လို့ ရေးသားပြောကြားထားပါတယ်။



Follow us on