အဆိုတော်ဂရေဟမ်ကတော့ တစ်ခေတ်တစ်ခါက အနုပညာဂီတလောကထဲမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ အဆိုတော်ကြီးဖြစ်ပါတယ်။ ကြည်လင်ပြတ်သားတဲ့ အသံချိုချိုလေးနဲ့ သီချင်းကောင်းတွေကိုသီဆိုလေ့ရှိပြီး ဂရေဟမ်ရဲ့သီချင်းများစွာကလည်း ယနေ့ထိတိုင် လူကြီးလူငယ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနာမည်ကြီးနေဆဲဖြစ်ပါတယ်။
အောင်မြင်မှုများစွာကို ဆယ်စုနှစ်များစွာတိုင်ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ ဂရေဟမ်ကတော့ သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ဖခင်တစ်ဦးလည်းဖြစ်ပါတယ်။ သမီးကြီးဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ ဖခင်ရဲ့ခြေရာကိုနင်းကာ အနုပညာဂီတလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေသူလေးဖြစ်ပါတယ်။ ရိုးရိုးယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းလွန်းသူလေးမို့ ပုရိဿတွေရဲ့အသဲကိုဖမ်းစားထားသူလေးဆိုလဲ မမှားပါဘူး။ ဒီလိုသားသမီးချောတွေကို ပိုင်ဆိုင်ထားတဲ့ မိဘတို့ရဲထုံးစံအတိုင်း ယောက္ခမလို့အခေါ်ခံရကာ ဦးဂရေဟမ်ကို သမက်တော်ချင်နေကြတဲ့ အမျိုးကောင်းသားလေးတွေက အများသားပါ။
သမီးချောလေးနှစ်ယောက်နဲ့ ယှဉ်တွဲပြီးပွဲတက်လာတိုင်း ယောက္ခလို့အခေါ်ခံရလွန်းတာကြောင့် သမီးချောတွေကိုပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ပီပီ ဦးဂရေဟမ်က သမက်လောင်းတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကို မီဒီယာတွေကတစ်ဆင့် အကြောင်းပါးလိုက်တာပဲဖြစ်ပါတယ်။
“သမီးတွေက အခုချိန်ထိရည်းစားလည်း မရှိသေးဘူးပေါ့။ သမီးတွေကလည်း ပြောပါတယ်၊ Daddy တို့လိုချင်တဲ့ အချက်အလက်ကအရမ်းများတော့ အဲ့ဒီ့လိုလူမျိုးတွေနဲ့တွေ့ဖို့ သိပ်မလွယ်ဘူးထင်တယ်တဲ့။ မိဘတွေကလည်း အထွေအထူးမဟုတ်ပါဘူးလို့ဆိုပေမယ့် အချက် (၂၀) လောက်ဖြစ်နေတော့ သမီးတွေကအဲ့ဒီ့လိုပြောတာပေါ့နော်” ဆိုပြီး သမက်လောင်းဖြစ်ဖို့အတွက် စံနှုန်းတွေကို အချက်(၂၀) လောက်ပဲသတ်မှတ်ထားကြောင်း ပြောဆိုသွားပါတယ်။
သမက်လောင်းဖြစ်ဖို့အတွက် ရှိရမယ့်အချက်တွေကိုတော့ ယခုလိုပဲပြောပြသွားခဲ့ပါတယ်။ “အဓိကကတော့ လူကောင်းသူကောင်းဖြစ်ဖို့ အရေးကြီးတာပါ။ ချမ်းသာတယ် မချမ်းသာဘူးဆိုတာထက် ရိုးသားကြိုးစားရမယ်။ အဓိကက ရုပ်ရည်ကအစ၊ ပညာအရည်အချင်းကအစ အကုန်လုံးတော့အရေးကြီးတာပေါ့နော်။ နှစ်လွှာပေါင်းမှတစ်ရွက်လို လိုက်ဖက်မှပဲကောင်းမှာပါ။ သမီးတွေကိုတော့ ပြောပြထားတယ် ရွေးချယ်ရတာတော့ သိပ်မရှိပါဘူး။ စာမျက်နှာ တစ်မျက်နှာစာပါပဲ” ဆိုပြီး ရယ်ပြုံးရင်းပြောဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် သမီးကြီးဖြစ်သူ ပန်းရောင်ခြယ်နဲ့အတူ ရှိုးပွဲတွေမှာ သွားရောက်ဖျော်ဖြေတိုင်း ယောက္ခမလို့ ခေါ်ခံရတာနဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကိုလည်း ရှင်းရှင်းလင်းလင်းပြောပြသွားခဲ့ပါတယ်။ “ယောက္ခမလို့အခေါ်ခံရတာပေါ့နော်။ အခုနောက်ပိုင်း သမီးနဲ့ရှိုးတွေ တောက်လျှောက်သွားဖြစ်တယ်။ အသက် ၅၀ အရွယ်လောက်က ယောက္ခမလို့ခေါ်တာ သဘာဝမကျဘူး။ လူငယ်တွေအနေနဲ့ကတော့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးတာတွေကလည်း ချစ်စနိုးနဲ့ရေးတယ်လို့ပဲထင်ပါတယ်”ဆိုပြီး သဘောထားကြီးကြီးနဲ့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးရေ ဦဂရေဟမ်ကတော့ သမီးချောတွေကိုပိုင်ဆိုင်ထားတဲ့ ဖခင်ပီပီ ယောက္ခမတော်ချင်တဲ့ သမက်လောင်းတွေမှာရှိသင့်တဲ့ အရည်အချင်းတွေကို ပြောပြလိုက်ပြီနော်… သမက်ဖြစ်ချင်ကြသူတွေကလဲ ဦးဂရေဟမ်သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ကိုက်ညီရဲ့လား...
Souce _ CeleYatkwat