1. Home
  2. Movie Stars - Celebrity

ကိုယ်ခန္ဓာအလှတရား ကွက်ကွက်ကွင်းကွင်းပေါ်အောင် ဝတ်စားတတ်တဲ့ဟောလိဝုဒ် အနုပညာရှင်(၇)ဦး

Movie Stars - Celebrity ม.ค. 29, 2562 view 1,630

ဟောလိဝုဒ်အနုပညာရှင်တွေဟာဆိုရင် ခန္ဓာကိုယ်လှပမှုနဲ့ အလှတရားထိန်းသိမ်းမှုတို့မှာတော့ တခြားမည်သည့်နိုင်ငံမှ မယှဉ်နိုင်ကြပါဘူး။ သူတို့ရဲ့ ခမ်းနားတဲ့အလှတရားတွေကိုသဘာဝဆန်ဆန် ဖော်ပြတတ်ကြတဲ့ ဟောလိဝုဒ်က အမျိုးသမီးအနုပညာရှင်တွေက ဘယ်သူတွေဖြစ်မလဲဆိုတာကြည့်လိုက်ကြ ရအောင်။  

၁။ Britney Spears

အမေရိကရဲ့ ပေါ့ပ်ဘုရင်မ သူ့ခေတ်တုန်းကလဲတစ်ခေတ်တစ်ခါဆန်းထခဲ့တာမို့ Britney ကို ပေါ့ပ်ဘုရင်မဆိုပြီး တင်စားခေါ်ဝေါ်ကြတာမဆန်းပါဘူး။ လက်ရှိမှာ အသက် ၃၇ ရှိပြီဖြစ်တဲ့ Britney ဟာ ငယ်ရွယ်နုပျိုဆဲ၊ လှပဆဲဆိုတာ Full-Body Tighs ကိုဝတ်ပြီးသက်သေပြလိုက်ပါတယ်။

၂။ Jennifer Lopez

Jlo ကတော့ အသက် ၄၉ နှစ်ရှိပြီဖြစ်တယ်လို့ကိုမထင်ရလောက်အောင် နုပျိုနေဆဲပါပဲ။ သူမကတော့ခန္ဓာကိုယ်အချိုးအစားနဲ့ အသားအရေကို Gym trainer တွေနဲ့ အသေအချာလေ့ကျင့်ပြီး ထိန်းသိမ်းတတ်သူတစ်ယောက်ပါ။ သူမရဲ့ ခန္ဓာကိုယ်အလှတရားကလဲ အံ့မခန်းပါပဲနော်။

၃။ Jessi J

အသံပါဝါအားကောင်းလှတဲ့ vocal ဘုရင်မကြီး Jessi J ကတော့ အမြဲ သူမရဲ့ အဆီပိုမရှိ ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်ကလဲ တစ်မူထူးခြားပြီးလှပနေပါတယ်။ Jessi J ကလဲ Full-Body Tighs ဝတ်လိုက်တဲ့အခါမှာ သူမရဲ့ အချိုးအစားကလဲ အံ့မခန်းပါပဲနော်။

၎။ Nicki Minaj

ဟောလိဝုဒ်ရဲ့ အမျိုးသမီးရက်ပ်ပါတွေထဲမှာ ဒိတ်ဒိတ်ကျဲကျော်ကြားသူ Nicki Minaj ကတော့ သူ့ရဲ့ ကိတ်လွန်းတဲ့ဘော်ဒီနဲ့ ဂေါ်လွန်းတဲ့ Rap skiills တွေကြောင့် အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ Nicki ကတော့သူ့ရဲ့ ဘော်ဒီနဲ့ ပတ်သတ်ပြီး ယုံကြည်ချက်အမြဲရှိသူတစ်ယောက်ပါ။ Nicki ရဲ့အလှအပကိုလဲခံစားကြည့်လိုက်ကြပါဦး။

၅။ Khloe Kardashian

Kardashian ဆိုတာနဲ့ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုကို လူတိုင်းသတိပြုမိလိမ့်မယ် ထင်ပါတယ်။ Kardashian ညီအစ်မတွေထဲက တစ်ယောက်ဖြစ်တဲ့ Khloe Kardashian ကလဲ သူမရဲ့ ဘော်ဒီအလှကို ပေါ်စေဖို့ Full-Body Tighs ကိုဝတ်ဆင်ခဲ့ပါတယ်။

၆။ Karlie Kloss

Victoria Secret မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Karlie Kloss ကလဲ Full-Body Tighs ကိုဝတ်ဆင်ပြီးဖက်ရှင် ရှိုးတစ်ခုမှာတွေ့ရပါတယ်။ သူမကတော့ နာမည်ကျော်ပေါ့ပ်စတား တေလာဆွစ်ဖ်နဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ကြပါတယ်။

၇။ Bella Hadid

နာမည်ကျော် စတားမော်ဒယ်တစ်ယောက်လဲဖြစ် Victoria Secret Model တစ်ယောက်လဲဖြစ်တဲ့ Bella ဟာသူမရဲ့ အသက်အရွယ်အပိုင်းအခြားအရ ငယ်ရွယ်လည်း တည်ငြိမ်လှပတဲ့ အလှတရားကိုပိုင်ဆိုင်တာကြောင့် နာမည်ကြီးလူသိများသူတစ်ယောက်ဖြစ်ပါတယ်။ Bella ရဲ့ အစ်မဟာလဲ Victoria Secret ရဲ့ တော့ပ်စတားမော်ဒယ်တစ်ယောက်ပါပဲ။ သူကတော့ Gigi Hadid ပါ။ Hadid ညီအစ်မတစ်တွေရဲ့ ဖက်ရှင်တွေဟာဆိုရင် အခုခေတ်မိန်းကလေးတွေကို အများကြီးလွှမ်းမိုးထားနိုင်ပါတယ်။



Follow us on